မနေ့ညက အန်ဖီးလ်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်အတွင်းမှာ အိမ်ရှင် လီဗာပူးလ်တို့ ရီးယဲလ်မက်ဒရစ်အသင်းကို (၂-၅)ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒုကျော့မှာ နိုင်ပွဲ ပြန်ရရန် မဖြစ်နိုင်တော့ပေမဲ့လည်း အံ့အားသင့်စရာတွေတော့ လုပ်ပြဖို့ လိုအပ်တယ်လို့ လီဗာပူးလ် နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ဝန်ခံသွားခဲ့ပါတယ်။

Virgil van Dijk admits Liverpool need a 'miracle' to turn around Real  Madrid tie in the second leg | Daily Mail Online

Photo Credit : Daily Mail

အိမ်ရှင်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ ပွဲချိန် (၁၅)မိနစ်အတွင်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေရာကနေ ပထမပိုင်းမှာ (၂)ဂိုး ဒုတိယပိုင်းမှာ (၃)ဂိုး ခွင့်ပြုခဲ့ရရင်းနဲ့ နောက်ဆုံးမှာ (၂-၅)နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ခံစစ်နဲ့ ဂိုးသမားတို့ အတော်လေးကို အားနည်းခဲ့ပြီး အန်ဖီးလ်လို ကွင်းကြီးအတွင်း အခုလို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရတာကလည်း မှတ်တမ်းဆိုးတစ်ခုပါ ဖြစ်သွားခဲ့ရပါတယ်။

Virgil van Dijk admits Liverpool need a 'miracle' in the second leg | All  Football

Photo Credit : Daily Mail

ဒီပွဲ ရလဒ်နဲ့ ပတ်သတ်ပြီး ဗန်ဒိုက်က “ကျွန်တော်တို့ (၂-၅)နဲ့ ရှုံးထားတာက မက်ဒရစ်မှာ ပြန်လာဖို့ မဖြစ်နိုင်တော့လောက်အောင်ပါပဲ။ ဒါပေမဲ့ ဘောလုံးမှာက အံ့အားသင့်စရာတွေ ပြည့်နှက်နေပြီး အဲ့ဒီလို အံ့အားသင့်စရာမျိုးကို ခက်ခက်ခဲခဲ ရယူသွားဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့တွေ ဘောလုံး ပိုင်ဆိုင်ထားချိန်မှာ ပိုပြီး တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေး ဖြစ်သင့်တယ်။ ဒါပေမဲ့ ကျွန်တော့် ထင်မြင်ချက်အဂ စွမ်းဆောင်ပိုင်းမှာတော့ အမှားအယွင်းမရှိခဲ့ဘူးလို့ ထင်တယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး မပေးခဲ့ကြပေမဲ့ အဆုံးမှာတော့ သူတို့မှာ ရှိတဲ့ အရည်အသွေးကောင်းတွေနဲ့ ကျွန်တော်တို့ကို ကောင်းကောင်းကြီး ဒုက္ခပေးသွားခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က သူ့အသင်းရဲ့ ကစားဟန်အပေါ် ကာကွယ် ပြောဆိုသွားမှုတွေ ရှိခဲ့ပေမဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ကတော့ အသင်းသားတွေဟာ အမှားအယွင်းတွေများစွာ လုပ်ဆောင်ခဲ့ပြီး ရီးယဲလ်လို အသင်းမျိုးနဲ့ ကစားရချိန်မှာ ဒီလို အမှားအယွင်းတွေက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလို ဖြစ်စေနိုင်ပြီး ဒီအမှားတွေအတွက်ကိုလည်း ရီးယဲလ်ဘက်က ကောင်းကောင်း အပြစ်ပေးသွားခဲ့ကြောင်း ညည်းတွား ပြောဆိုခဲ့ပါတယ်။