MySport Myanmar

ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ကြုံခဲ့ရတာကြောင့် ကွင်းထဲမှာတင် ငိုမိခဲ့တဲ့ ဗင်နီးစီးယပ်

စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဗင်နီးစီးယပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ပြင်းထန်တဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ကကြုံတွေ့ခဲ့ရတာကြောင့် ကွင်းထဲမှာတင် ငိုကြွေးခဲ့ကြောင်း သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

ဗလင်စီယာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လာလီဂါ ပွဲစဉ်(၃၅) အဖြစ် ဗလင်စီယာရဲ့ အိမ်ကွင်းဖြစ်တဲ့ မက်စ်တယ်လာကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဗလင်စီယာက တောင်ပံကစားသမား လိုပက်ဇ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အဖိုးတန် နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ဗလင်စီယာ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ဗလင်စီယာရဲ့ ပရိသတ်တွေက ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးစီးယပ်ကို ပြင်းပြင်းထန်ထန် လူမျိုးရေးခွဲခြားခဲ့ကြပြီး ဗလင်စီယာ ပရိသတ်တွေက ဗင်နီးစီးယပ် တယောက် ဘောလုံးထိတဲ့ အကြိမ်တိုင်းမှာ မျောက်လို အော်တာမျိုးတွေ ၊ ဆဲရေးတိုင်းထွာတာတွေ လုပ်ခဲ့ပါတယ်။

ဗလင်စီယာ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လူမျိုးရေး ခွဲခြားမှုတွေကြောင့် ဗင်နီးစီးယပ်ဟာ အတော်လေးကို ဒေါသထွက်ခဲ့ရသလို ဗလင်စီယာ ပရိသတ် တချို့က “ဗင်နီးစီးယပ် မြန်မြန် ​ေ-သပါစေ” ဆိုပြီး အော်ဟစ်ခဲ့တာကြောင့် ဗင်နီးစီးယပ် တယောက် ဝမ်းနည်းမျက်ရည်ပါ ကျခဲ့ရပါတယ်။

Photo Credit: Express

ဗလင်စီယာ ပရိသတ်တွေရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကြောင့်ပဲ ကွင်းလယ်ဒိုင် ဒဲလ် ဘားဂို့စ်က ပွဲကို ခေတ္တခဏ ရပ်နားခဲ့ရပြီး ဗလင်စီယာရဲ့ ကစားသမား တချို့ကပါ အသင်းပရိသတ်တွေဆီ သွားကာ ဗင်နီးစီးယပ်ကို လှောင်ပြောင်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ ဘောလုံးပရိသတ် အများစုက ဗလင်စီယာ ပရိသတ်တွေရဲ့ ဆိုးဝါးတဲ့ လူမျိုးရေးခွဲခြားမှုတွေ အတွက် ဒေါသထွက်နေကြသလို ဗလင်စီယာရဲ့ တာဝန်ရှိသူတွေကလည်း ဗင်နီးစီးယပ်အား လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တွေကို စတင် ရှာဖွေနေပြီး လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေကို တသက်တာ ပွဲကြည့်ခွင့် ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။

Exit mobile version