FIFA ကနေ နှစ်စဉ်တိုင်း ကျင်းပနေကျဖြစ်သော The Best FIFA Football Awards ဆုပေးပွဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ FIFA FIFPRO World XI အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းအတွက် ဆန်ခါတင် စာရင်းဝင်နေတဲ့ ကစားသမား (၂၆)ယောက်ကို မနေ့ညကပဲ ထုတ်ပြန်လာခဲ့ရာ ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ကို ချန်လှပ်ထားခဲ့တာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။

Neymar calls Vinicius Jr. the world's best player ahead of Karim Benzema  and Kylian Mbappe - CBSSports.com

Photo Credit : CBS Sports

ပြီးခဲ့တဲ့ နှစ်အတွင်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကြတဲ့ ကစားသမား(၁၁)ယောက်ကို နေရာအလိုက် ရွေးချယ်သွားမယ့် FIFPRO World XI အတွက် ဆန်ခါတင် ကစားသမားစာရင်း ထုတ်ပြန်လာခဲ့ရာ ၂၀၂၂ခုနှစ်ထဲ တကယ့်ကို ခြေစွမ်းပြနိုင်ခဲ့သူတွေ ပါဝင်လာခဲ့ပေမယ့်လည်း ဗင်နီစီယပ်စ် အပါအဝင် တချို့သော ကစားသမားတွေ ချန်လှပ်ခံထားရတဲ့အပေါ်မှာတော့ အတော်လေးကို ပြောစရာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Managing Madrid

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်က မနှစ်က တစ်နှစ်တာလုံးမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ အတော်လေး တောက်ပခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့တဲ့အပြင် အသင်းနဲ့ပါ စပိန်လာလီဂါဖလား ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက် (၂၁)ဂိုးသွင်း (၁၈)ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဗီနီဟာ ရီးယဲလ်နဲ့အတူ ဥရောပစူပါဖလားရော စပိန်စူပါဖလားတို့ပါ ပိုင်ဆိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လာလီဂါပြိုင်ပွဲတို့ရဲ့ အကောင်းဆုံးအသင်းတွေမှာပါ ထည့်သွင်း ရွေးချယ်ခံခဲ့ရတာဖြစ်လို့ အနည်းဆုံး FIFPRO World XI ရဲ့ shortlist မှာ ပါဝင်လာစေချင်တာ ဖြစ်ပါတယ်။