MySport Myanmar

လီဗာပူးလ်က ရေပန်းစားနေတဲ့ အသင်း ဆိုပေမယ့် ဂျုဗီ ဘိုင်ယန်တို့လည်း ဒီအတိုင်းပဲလို့ တောရက်စ်ပြောဆို

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျုဗင်တပ်စ် ဘိုင်ယန်မြူးနစ်တို့လို ဥရောပ အင်အားကြီး ကလပ်အသင်းတွေကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ အံ့အားသင့်စွာ တတ်လှမ်းလာနိုင်ခဲ့တဲ့ ဗီလာရီးယဲလ်အသင်းဟာ ဆီမီးအဆင့်မှာတော့ နောက်ထပ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်လို့ သူတို့နှစ်သင်းကြားမှာ လီဗာပူးလ်ကသာ နောက်တစ်ဆင့်တတ်ဖို့ ရေပန်းစားတဲ့အသင်း ဖြစ်နေတယ်ဆိုပေမယ့်လည်း သူတို့အသင်း ကျော်ဖြတ်လာခဲ့တဲ့ ဂျုဗီ ဘိုင်ယန်တို့ဟာလည်း လီဗာပူးလ်နဲ့ အလားတူ ရေပန်းစားတဲ့ အသင်းတွေ ဖြစ်ခဲ့တာပဲလို့ ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : This is Anfield

ဗီလာရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ မန်ချက်စတာယူနိုက်တက် အတ္တလန်တာ ယန်းဘွိုင်းစ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲမှသာ အတ္တလန်တာကို အနိုင်ယူခဲ့ရင်း အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့် တတ်လှမ်းခဲ့သလို (၁၆)သင်းအဆင့်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းတွေ ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗီလာရီးယဲလ်ဟာ အခုဆိုရင် ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း လီဗာပူးလ်ကသာ ရေပန်းစားဆုံး အသင်းဖြစ်နေပေမယ့်လည်း ဒါက သူတို့အသင်းအတွက် ပြသာနာ ရှိမနေဘူးလို့ ဗီလာရီးယဲလ် ခံစစ်မှူးတောရက်စ်က ပြောကြားလာခဲ့ပါတာယ်။

တောရက်စ်က “ကျွန်တော်တို့မှာ ဆုံးရှုံးစရာ ရှိမနေပါဘူး။ ကျွန်တော်တို့ အံ့အားသင့်မှု အနည်းငယ်လေးပဲ ရှိနေမှာပါ။ ဘာကြောင့်လဲဆို်တော့ ကျွန်တော်တို့က ဂျုဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ဖယ်ထုတ်ထားလိုက်တာကြောင့်ပါ။ ဒါကြောင့် လီဗာပူးလ်အသင်းဘက်က ဘိုင်ယန်မြူးနစ်ထက်စာရင် အနည်းငယ်လေးတော့ ပိုနှိမ့်ချလာပါလိမ့်မယ်။ သူတို့အသင်းအနေနဲ့ ကျွန်တော်တို့ဘက်က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေကို ဘယ်လို ကျော်ဖြတ်ထားခဲ့လဲဆိုတာ တွေ့မြင်ထားတာဖြစ်လို့ သေချာပြင်ဆင်ကြပါလိမ့်မယ်။ သူတို့က ခုပွဲအတွက် ရှင်းရှင်းလင်းလင်းကြီးကို ရေပန်းစားနေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သိထားရပါမယ်။ သူတို့အသင်းက ရေပန်းအစားဆုံး ဖြစ်နေတယ်ဆိုတာကိုလည်း ဒါကို အသိအမှတ်ပြုသွားဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘိုင်ယန် ဂျုဗင်တပ်စ်တို့လည်း ဒီအတိုင်းပါပဲ။ သူတို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားကြပြီး မန်ချက်စတာယူနိုက်တက်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူထားခဲ့သလို မန်စီးတီးကိုလည်း အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ အံ့အားသင့်စရာတွေ ဆက်လုပ်သွားဖို့ ကြိုးစားနေပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ထက် ပိုကြီးမားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ လိုက်လျောညီထွေအောင် ကစားနိုင်တတ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Exit mobile version