မနက်ဖြန်ည လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ကျင်းပသွားမယ့် လီဗာပူးလ်နဲ့ ဗီလာရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီး တချိန်က လီဗာပူးလ်အသင်းကို ရင်ဆိုင်ခဲ့ဖူးသူဖြစ်တဲ့ ဗီလာရီးယဲလ်အသင်း ကွင်းလယ်ကစားသမား ဖရန်ဆစ်ကိုကီလင်က သူတို့အသင်းအနေနဲ့ အန်ဖီးလ်ကို လာကြည့်ရုံသက်သက်သာ ရောက်လာတာ မဟုတ်ပဲ အကောင်းဆုံး ယှဉ်ပြိုင်ဖို့သာ လာရောက်ခြင်း ဖြစ်တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Ex-Arsenal star Coquelin hails Turf Moor in Burnley praise - Daily Star

Photo Credit : Daily Star

အသက်(၃၀)အရွှယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ကိုကီလင်ဟာ သူရဲ့စီနီယာ ဘောလုံးသမားဘဝကို အာဆင်နယ်အသင်းမှာ စတင်ခဲ့ရတာဖြစ်ပြီး အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ရှိခဲ့ပေမယ့် နှစ်ရာသီနီးပါး ကလပ်အသင်း(၃)သင်းမှာ အငှားသွားရောက်ကစားခဲ့ရပါတယ်။ ၂၀၁ရမှာ ဗလင်စီယာကို ရောက်ရှိလာခဲ့ပြီး ၂၀၂ဝမှာပဲ ဗီလာရီးယဲလ်ကို ရောက်ရှိလာခဲ့တဲ့ ကိုကီလင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာရီးယဲလ်နဲ့အတူ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့အပြင် ဒီနှစ်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိကို တတ်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးအဆင့်မှာတော့ သူ့အသင်းဟောင်း အာဆင်နယ်မှာ ကစားခဲ့တုန်းက မကြာခဏ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်ဟောင်း လီဗာပူးလ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Villarreal's Coquelin promises confidence vs Liverpool: We're not going there just to look at Anfield | Goal.com

Photo Credit : Goal

လီဗာပူးလ်အသင်းနဲ့ ပတ်သက်ပြီး ကိုကီလင်က “ လီဗာပူးလ်အသင်းဟာ press လုပ်ရမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်နိုင်တယ်။ သူတို့ဘယ်နေရာမှာ အားနည်းနေမလဲဆိုတာကို ကျွန်တော် တကယ်ရှာမတွေ့နိုင်ဘူး။ သူတို့က တိုက်စစ်က အရမ်းကောင်းမွန်ပြီးတော့ အခုဆိုရင် သူတို့ရဲ့ ခံစစ်မှာလည်း ကွန်နတေနဲ့ မာတစ်တို့က အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဘယ်နောက်ခံနဲ့ ညာနောက်ခံလူတွေကလည်း အခြေခံအားဖြင့် တိုက်စစ်ကစားသမားတွေလိုပါပဲ။ သူတို့မှာ ဘာလွန်းဒေါဆုအတွက် အပြိုင်အဆိုင် ဖြစ်နေကြတဲ့ ဆာလာနဲ့ မာနေးတို့လည်း ရှိနေပြန်တယ်။ ဒါတောင် လူးဝစ်ဒီယက်ဇ်လို အသင်းမှာ အလျင်အမြန် အထိုင်ကျနေတဲ့ ကစားသမားလည်း ရှိနေပါသေးတယ်။ သူတို့က ဥရောပရဲ့ အကောင်းဆုံး အသင်းပါ။ ဘောလုံးသမားတစ်ဦးအနေနဲ့ကတော့ ဥရောပတစ်ခွင်ကို ခရီးနှင်ပြီး ဒီလိုပွဲမျိုး ကစားရချင်ပါတယ်။ ချန်ပီယံဖိုင်နယ်ကို ကစားရဖို့အတွက် ကျွန်တော်တို့ရဲ့ အတွေးတွေထဲမှာ ဒီအိမ်မက်ကို အမြဲထားထားတယ်။ ခက်ခဲမှန်းသိပေမယ့် တစ်မြို့လုံး တစ်သင်းလုံးက စိတ်လှုပ်ရှားနေကြတယ်။ ခက်ခဲပေမယ့် ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ဂျုဗီ ဘိုင်ယန်တို့ကို ဖြတ်ကျော်ထားတာပါ။ ကျွန်တော်တို့ အဲ့ဒီကို ပြိုင်ဆိုင်ဖို့ သွားမှာပါ။ အန်ဖီးလ်ကို ကြည့်ဖို့သက်သက်သာ အဲ့ဒီကိုသွားတာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။