ဒီနေ့ ဇွန်လ(၂၂)ရက်နေ့ တနင်းလာနေ့ညမှာတော့ လာလီဂါပွဲစဉ်(၃၀)ရဲ့လက်ကျန်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားစေပြီး အဲ့ဒီပွဲတွေထဲကမှ ည(၁၂)နာရီအချိန်မှာ ကျင်းပခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ဆီဗီလာအသင်းတို့ရဲ့ပွဲစဉ်ကတော့ အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဗီလာရီးရဲလ်အသင်းဘက်မှာ မော်ရီနို အယ်ကာဆာ ကာဇိုလာ ချူကွာဇီ ပါအူတောရက်စ် အီဘိုရာတို့လို အမာခံကစားသမားတွေ အစုံအလင်ပါဝင်လာခဲ့သလို ဆီဗီလာအသင်းဘက်မှာလည်း ဆူဆို ရွန်နီလိုပက်စ် ဖာနန်ဒို ဂျော်ဒန် ဘာနီဂါ ဂိုးမက်ဇ် ဒီယေဂိုကားလို့စ်တို့လို အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဧည့်သည်ဆီဗီလာဘက်က ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာတော့ အိမ်ရှင်က ပိုထိရောက်အောင် တိုက်စစ်ဆင်နိုင်ခဲ့လို (၁၈)မိနစ်မှာပဲ တိုက်စစ်မှူးအယ်ကာဆာရဲ့ဂိုးနဲ့စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ (၃၉)မိနစ်မှာတော့ ဆီဗီလာအသင်းခေါင်းဆောင် အက်စကူဒယ်ရိုက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ပါအူတောရက်စ်က ထောင့်ကန်ဘောကနေ အနိုင်ဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဗီလာရီးရဲလ်တို့ ကစားအား အနည်းငယ်ကျဆင်းလာခဲ့လို့ ဧည့်သည်အသင်းအတွက် အခွင့်အရေးတွေ ရရှိလာခဲ့ပြီး ဆီဗီလာကလည်း အိုကမ်ပို့စ် နာဗက်စ် မြူနီယာတို့ ဝင်ရောက်လာခဲ့လို့ တိုက်စစ်ပိုင်းက ပိုပြီးထက်မြက်လာခဲ့ပါတယ်။ (၆၃)မိနစ်မှာတော့ မြူနီယာက ဆီဗီလာအတွက် ချေပဂိုးကို ဘယ်ခြမ်းကနေ လှပတဲ့ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီးနောက်မှာလည်း ဆီဗီလာကပဲ ပွဲကိုပိုမိုစိုးမိုးထားနိုင်ခဲ့ကာ အနိုင်ဂိုးရဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သွင်းဂိုးတော့မရတော့လို့ သရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။