ဒီနွေမှာ တီလေမန်းစ် ပါအူ တောရက်စ်တို့ကို ခေါ်ယူထားခဲ့တဲ့ အက်စတွန် ဗီလာအသင်းက ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ လေဗာကူဆင် တောင်ပံ ကစားသမား မူဆာ ဒီယာဘီကို ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း လေဗာကူဆင်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

Photo Credit : Twitter

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ နွေဈေးကွက်အတွင်း လှုပ်ရှားမှုကောင်းတွေ လုပ်ဆောင်နေတဲ့ ဗီလာအသင်းက အခုလည်း လေဗာကူဆင်ရဲ့ ပြင်သစ် တောင်ပံ ကစားသမား ဒီယာဘီကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ပြီး ကမ်းလှမ်းမှုတစ်ခုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဗီလာရဲ့ အဖွင့် ကမ်းလှမ်းချက်ကိုတော့ လေဗာကူဆင်ဘက်က ငြင်းဆန်ထားခဲ့ပြီး နောက်ထပ် ထပ်တိုး ကမ်းလှမ်းမှုတွေကိုသာ စောင့်ဆိုင်းသွားဖို့ ရှိနေပါတယ်။

Photo Credit : PSG Talk

ဒီယာဘီကိုယ်တိုင်ကတော့ ဒီနွေမှာ အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ဗီလာအသင်းဆီကိုလည်း ပြောင်းရွှေ့ကစားလိုကြောင်း လေဗာကူဆင်အသင်းထံပါ အကြောင်းကြားထားခဲ့ပါတယ်။ ဒါကြောင့် ဗီလာအနေနဲ့ ကစားသမားနဲ့ personal agreed ရရှိဖို့ မခက်ခဲနိုင်တော့ပဲ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် အသင်းနှစ်သင်းကြား ကစားသမားရဲ့ ပြောင်းအရွှေ့ကြေး အဆင်ပြေဖို့သာ လိုအပ်နေပါတော့တယ်။

တကယ်လို့သာ ဗီလာက ဒီယာဘီကိုသာ ထပ်မံ ခေါ်ယူလိုက်မယ်ဆိုရင် ပါအူ တောရက်စ်လို တကယ့် quality ကစားသမားတစ်ဦးကို ခေါ်ယူလို့အပြီး ဒီယာဘီလို talented player မျိုးကိုပါ ထပ်မံ ပိုင်ဆိုင်နိုင်မှာဖြစ်လို့ ဗီလာရဲ့ အခုနွေရာသီ signings တွေက အားရစရာကောင်းနေမှာ အသေအချာပါပဲ။