အက်စတွန် ဗီလာအသင်းဟာ အသင်းရဲ့ တောင်ပံကစားသမား မူဆာ ဒီယာဘီကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ရောင်းချသွားတော့မှာဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် အသက်လက်တီကို မက်ဒရစ်က ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖေးလစ်ကို ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
ဗီလာက ဒီယာဘီကို ပြီးခဲ့တဲ့နွေကမှ လေဗာကူဆင်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့့ကြေးဖြစ်တဲ့ ယူရို (၅၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာ တစ်ရာသီသာ ကစားထားပြီးချိန်မှာ အယ်လ်အစ်တီဟတ်ရဲ့ ယူရို သန်း (၆၀)တန် ကမ်းလှမ်းမှု ရရှိလာခဲ့တဲ့အတွက် ဒီကမ်းလှမ်းချက်ကို လက်ခံသွားခဲ့ပါတယ်။
Photo Credit : Barca Blaugranes
ဒီဈေးကွက်ထဲမှာ ဗီလာက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ တောင်ပံကစားသမား ဒီယာဘီတို့ကို အသင်းကနေ လက်လွတ်လိုက်ရချိန်မှာ ကွင်းလယ်ပိုင်းအတွက် အဲဗာတန်က အမာဒူ အိုနာနာကို ခေါ်ယူနိုင်တော့မှာ ဖြစ်သလို တိုက်စစ်ပိုင်းအတွက်ကတော့ ဂျာအို ဖေးလစ်ကို ပစ်မှတ်ထားနေပါတယ်။
ပေါ်တူဂီ နောက်ချန်တိုက်စစ် ကစားသမား ဂျာအို ဖေးလစ်ဟာ ပြီးခဲ့တဲ့ရာသီက အသက်လက်တီကိုကနေ ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာဆီကို အပြီးသတ် ပြောင်းရွှေ့ချင်ပေမယ့် ဘာစီလိုနာက သူ့ကို အပြီးသတ် ခေါ်ယူဖို့ထက် နီကို ဝီလီယံစ်ကို ခေါ်ယူဖို့သာ ဦးစားပေး လုပ်ဆောင်နေပါတယ်။
Photo Credit : talkSPORT
ဖေးလစ်အနေနဲ့ကလည်း ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့ရရင်တောင်မှ အသက်လက်တီကိုနဲ့ ပြန်လည် ပူးပေါင်းသွားလိုခြင်း မရှိသလို အသင်းကလည်း သူ့ကို ရောင်းချပြီး တိုက်စစ်ပိုငး် အင်အားဖြည့်တင်းဖို့ ရှိနေတာကြောင့် ဒီနွေမှာတော့ ဂျာအို ဖေးလစ်တစ်ယောက် သေချာပေါက်ကို အသင်းအပြောင်းအလဲ လုပ်ရနိုင်ပါတယ်။
ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂျာအို ဖေးလစ်ကို အူနိုင်း အမ်မရီက သူရဲ့ ဗ်ီလာအသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ဖေးလစ်လို ပုံရိပ်မြင့်မားတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့က ဗီလာအတွက် ဘဏ္ဍာရေးပိုင်း အခက်အခဲတွေ ကြုံလာရနိုင်ပေမယ့် ဗီလာက ဒီယာဘီရော လူငယ် တိုက်စစ်မှူး ဒူရန်ကိုပါ ရောင်းချသွားဖို့ ရှိနေတာမို့ ဖေးလစ်ကိုလည်း အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။