လက်ရှိမှာ ဒဏ်ရာပြသာနာတွေ တန်းဆင်းရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့  အက်စတွန်ဗီလာအသင်းက အခု ဆောင်းရာသီဈေးကွက်အတွင်းမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး မကြာသေးခင်ကမှ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ဂိုးသမားတွမ်ဟီတန်ရဲ့နေရာအတွက် အေစီမီလန်အသင်းရဲ့ဝါရင့်ဂိုးသမားကြီးဖြစ်သူ ပီပီရိန်နာနဲ့ အစားထိုးသွားဖို့အတွက် ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။


အသက်၃၇နှစ်အရွှယ် ရှိလို့နေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ဂိုးသမားကြီးရိန်နာဟာ အေစီမီလန်အသင်းမှာ ပါဝင်နေသူဖြစ်ပေမယ့်လည်း လူငယ်အီတလီဂိုးသမားလေး ဒွန်နာရန်မာရဲ့နောက် ဒုတိယနေရာမှာသာ ပါဝင်ကစားရတာဖြစ်လို့ အသင်းကနေ ထွက်ခွာဖို့ ဟန်ပြင်နေသူဖြစ်ပြီး အခုလို ဗီလာအသင်းရဲ့ကမ်းလှမ်းချက်ရရှိချိန်မှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သလို မီလန်အသင်းကိုယ်တိုင်ကလည်း ကစားသမားနဲ့ အက်စတွန်ဗီလာအသင်းကြား လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုခဲ့ကြောင်း ရိန်နာရဲ့အေးဂျင့်ဖြစ်သူက ရှင်းလင်းပြောဆိုခဲ့ပါတယ်။



(Unicode)

ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာတော့မယ့် လီဗာပူးလ်ဂိုးသမားဟောင်းကြီး

လက်ရှိမှာ ဒဏ်ရာပြသာနာတွေ တန်းဆင်းရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့  အက်စတွန်ဗီလာအသင်းက အခု ဆောင်းရာသီစျေးကွက်အတွင်းမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး မကြာသေးခင်ကမှ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ဂိုးသမားတွမ်ဟီတန်ရဲ့နေရာအတွက် အေစီမီလန်အသင်းရဲ့ဝါရင့်ဂိုးသမားကြီးဖြစ်သူ ပီပီရိန်နာနဲ့ အစားထိုးသွားဖို့အတွက် ကြိုးပမ်းလာခဲဲ့ရာ အခုဆိုရင် ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၇နှစ်အရွှယ် ရှိလို့နေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ဂိုးသမားကြီးရိန်နာဟာ အေစီမီလန်အသင်းမှာ ပါဝင်နေသူဖြစ်ပေမယ့်လည်း လူငယ်အီတလီဂိုးသမားလေး ဒွန်နာရန်မာရဲ့နောက် ဒုတိယနေရာမှာသာ ပါဝင်ကစားရတာဖြစ်လို့ အသင်းကနေ ထွက်ခွာဖို့ ဟန်ပြင်နေသူဖြစ်ပြီး အခုလို ဗီလာအသင်းရဲ့ကမ်းလှမ်းချက်ရရှိချိန်မှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သလို မီလန်အသင်းကိုယ်တိုင်ကလည်း ကစားသမားနဲ့ အက်စတွန်ဗီလာအသင်းကြား လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုခဲ့ကြောင်း ရိန်နာရဲဲ့အေးဂျင့်ဖြစ်သူက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Photo Credit : Getty Images

ဆွေးနွေးမှုတွေအပြီးမှာတော့ ဗီလာအသင်းဟာ ရိန်နာကို ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရယူနိုင်ခဲ့ပြီး လာမယ့်မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာပင် ပါဝင်ကစားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းမှာ ဘောလုံးသမားဘဝကို စတင်ဖြတ်သန်းခဲ့တဲ့ ဂိုးသမားကြီးရိန်နာဟာ လီဗာပူးလ်အသင်းမှာ ၉နှစ်ကြာအောင် ပါဝင်ကကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အက်အေဖလား လိဂ်ဖလားနဲ့ ဥရောပစူပါဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ရွှေလက်အိတ်ဆုကိုလည်း ၃ရာသီဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘိုင်ယန်မြူးနစ် နာပိုလီ အေစီမီလန်အသင်းတွေမှာ ဆက်တိုက်ပါဝင်ကစားခဲ့ရတဲ့ ရိန်နာဟာ ဘွန်ဒက်လီဂါဖလား ကိုပါအီတလီယာဖလားတွေကို ဆက်လက်ပိုင်ဆိုင်ခဲ့ရပေမယ့် အသက်အရွှယ်အရ လက်စွမ်းပိုင်းတွေအရ တဖြည်းဖြည်းပွဲထွက်ခွင့်တွေ နည်းပါးခဲ့ရပြီး အခုတော့ ဘောလုံးသမားဘဝကနေ အနားမယူသေးခင်မှာပဲ သူ့ကို ပရီးမီးယားလိဂ်မှာ ထပ်မံမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။