အီတလီတုိက္စစ္ကစားသမား မာရီယုိဘေလာ့တယ္လီကေတာ့ အင္တာမီလန္ ေအစီမီလန္ မန္စီးတီး လီဗာပူးလ္ မာေဆးတုိ႔လုိ အသင္းႀကီးေတြမွာ သူရဲ႕ကစားသမားဘဝကုိ ျဖတ္သန္းခဲ႔ေပမယ့္လည္း သူရဲ႕အျပဳအမႈေတြဆုိး စည္းကမ္းပုိင္းအားနည္းခ်က္ေတြေၾကာင့္ အသက္၂၉ႏွစ္အရႊယ္ေရာက္လာခဲ႔တာေတာင္ ထိပ္တန္းကစားသမားတစ္ေယာက္ မျဖစ္လာခဲ႔ရပဲ တခ်ိဳ႕ေဘာလုံးပရိသတ္ေတြဆုိရင္ေတာင္ သူ႔ကုိေမ့လုနီးပါးပါ ျဖစ္ေနခဲ့ရပါတယ္။ ဒါကလည္း ဘာေလာ့တယ္လီရဲ႕ေဘာလုံးအားကစားအေပၚ ႀကိဳးစားအားထုတ္မႈ နည္းပါးလာျခင္းနဲ႔ ျပသာနာေတြနဲ႔သာ ေပ်ာ္ေမြ႕ေနတဲ႔ သူရဲ႕အက်င့္ဆုိးေၾကာင့္ပဲျဖစ္ပါတယ္။

Photo Credit : DW

ဒါေၾကာင့္ပဲ ဘေလာ့တယ္လီလုိ ကစားသမားမ်ိဳးကုိ ထိန္းေၾကာင္းရတာက နည္းျပေတြအတြက္ ခက္ခဲလွၿပီး ဘေလာ့တယ္လီရဲ႕နည္းျပေဟာင္းျဖစ္ခဲ႔ဖူးတဲ႔ ပက္ထရစ္ဗီအာရာကလည္း ဘေလာ့တယ္လီလုိ ကစားသမားမ်ိဳးဟာ အေတာ္ေလးကုိ ကုိင္တြယ္ရခက္ခဲလြန္းတဲ႔ ကစားသမားမ်ိဳးျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလာခဲ႔ပါတယ္။ လီဂူးကလပ္ ႏုိက္စ္အသင္းရဲ႕နည္းျပအျဖစ္နဲ႔ ေဆာင္ရႊက္လ်က္ရွိေနတဲ႔ ဗီအာရာဟာ ႏုိက္စ္အသင္းမွာ တုိက္စစ္မွဴးဘေလာ့တယ္လီနဲ႔ လက္တြဲခဲ႔ဖူးၿပီး သူႏုိက္စ္အသင္းနည္းျပအျဖစ္ ပထမဆုံး တာဝန္ယူတဲ႔ေန႔မွာပဲ ဘေလာ့တယ္လီက အသင္းေလ့က်င့္ခန္းအစီအစဥ္ကုိ ေနာက္က်ခဲ႔သလုိ ေနာက္ပုိင္းမွာလည္း စည္းကမ္းပုိင္းအားနည္းမႈေတြ ဆက္တုိက္ျဖစ္ပြားခဲ႔တယ္လုိ႔ သိရပါတယ္။

Photo Credit : Liga Olahraga

ႏုိက္စ္အသင္းကုိ ဗီအာရာေရာက္ရွိလာၿပီး လပုိင္းအၾကာမွာပဲ ဘေလာ့တယ္လီမွာလည္း ႏုိက္စ္ကေန မာေဆးလ္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားခဲဲ႔ၿပီး အဲ႔ဒီကေနတစ္ဆင့္ စီးရီးေအကလပ္ ဘရက္စီယာအသင္းဆီကုိ ထပ္မံေျပာင္းေရႊ႕ခဲ႔တာျဖစ္ပါတယ္။ မၾကာေသးခင္ကမွ အာဆင္နယ္အသင္းနည္းျပ ျဖစ္လာမယ့္လုိ႔ သတင္းထြက္လာခဲ႔တဲ႔ ဗီအာရာဟာ သူရဲ႕တပည့္ေဟာင္းျဖစ္ခဲ႔ဖူးတဲ႔ ဘေလာ့တယ္လီနဲ႔ပတ္သက္ၿပီး “မာရီယုိရဲ႕စိတ္ေနစိတ္ထားက ကုိင္တြယ္ရခက္ခဲဲလြန္းပါတယ္။ အလုပ္ႀကိဳးစားေတြ ကြ်န္ေတာ္တုိ႔ေတြနဲ႔ အတူတကြရွိေနၿပီး ျပသာနာေတြ ေျဖရွင္းတာေတြကုိ လုပ္ေဆာင္ေစခ်င္ေပမယ့္လည္း သူ႔လုိ ကစားသမားမ်ိဳးနဲဲ႔ ေရရွည္အလုပ္တြဲလုပ္ဖုိ႔က တကယ္ကုိ ခက္ခဲလြန္းတယ္။ ကြ်န္ေတာ္တုိ႔ႏွစ္ေယာက္ ဆက္လက္ လက္တြဲလုပ္ကုိင္ဖုိ႔က ခက္ခဲေနတာမုိ႔ ေနာက္ဆုံးေတာ့ လက္တြဲျဖဳတ္ဖုိ႔ကုိပဲ ဆုံးျဖတ္လုိက္ရတာ” လုိ႔ ရွင္းလင္းေျပာဆုိခဲ႔ပါတယ္။ ဘေလာ့တယ္လီဟာ အခုလည္း ဘရက္စီယာအသင္းမွာ သူရဲ႕အက်င့္ဆုိးေတြ ဆက္လက္ျပဳျပင္ႏုိင္ျခင္းမရွိေသးလုိ႔ အသင္းနဲ႔ လမ္းခြဲဲရဖုိ႔ေတာင္ နီးစပ္လုိ႔ေနပါတယ္။

(Unicode)

ဘလော့တယ်လီက ကိုင်တွယ်ရခက်လွန်းလှတဲ့ ကစားသမားလို့ ဗီအာရာ ဖွင့်ဟပြောဆို

အီတလီတိုက်စစ်ကစားသမား မာရီယိုဘလော့တယ်လီကတော့ အင်တာမီလန် အေစီမီလန် မန်စီးတီး လီဗာပူးလ် မာဆေးတို့လို အသင်းကြီးတွေမှာ သူရဲ့ကစားသမားဘဝကို ဖြတ်သန်းခဲ့ပေမယ့်လည်း သူရဲ့အပြုအမှုတွေဆိုး စည်းကမ်းပိုင်းအားနည်းချက်တွေကြောင့် အသက်၂၉နှစ်အရွှယ်ရောက်လာခဲ့တာတောင် ထိပ်တန်းကစားသမားတစ်ယောက် မဖြစ်လာခဲ့ရပဲ တချို့ဘောလုံးပရိသတ်တွေဆိုရင်တောင် သူ့ကိုမေ့လုနီးပါးပါ ဖြစ်နေခဲ့ရပါတယ်။ ဒါကလည်း ဘာလော့တယ်လီရဲ့ဘောလုံးအားကစားအပေါ် ကြိုးစားအားထုတ်မှု နည်းပါးလာခြင်းနဲ့ ပြသာနာတွေနဲ့သာ ပျော်မွေ့နေတဲ့ သူရဲ့အကျင့်ဆိုးကြောင့်ပဲဖြစ်ပါတယ်။

Photo Credit : DW

ဒါကြောင့်ပဲ ဘလော့တယ်လီလို ကစားသမားမျိုးကို ထိန်းကြောင်းရတာက နည်းပြတွေအတွက် ခက်ခဲလှပြီး ဘလော့တယ်လီရဲ့နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ ပက်ထရစ်ဗီအာရာကလည်း ဘလော့တယ်လီလို ကစားသမားမျိုးဟာ အတော်လေးကို ကိုင်တွယ်ရခက်ခဲလွန်းတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လီဂူးကလပ် နိုက်စ်အသင်းရဲ့နည်းပြအဖြစ်နဲ့ ဆောင်ရွှက်လျက်ရှိနေတဲ့ ဗီအာရာဟာ နိုက်စ်အသင်းမှာ တိုက်စစ်မှူးဘလော့တယ်လီနဲ့ လက်တွဲခဲ့ဖူးပြီး သူနိုက်စ်အသင်းနည်းပြအဖြစ် ပထမဆုံး တာဝန်ယူတဲ့နေ့မှာပဲ ဘလော့တယ်လီက အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျခဲ့သလို နောက်ပိုင်းမှာလည်း စည်းကမ်းပိုင်းအားနည်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Liga Olahraga

နိုက်စ်အသင်းကို ဗီအာရာရောက်ရှိလာပြီး လပိုင်းအကြာမှာပဲ ဘလော့တယ်လီမှာလည်း နိုက်စ်ကနေ မာဆေးလ်အသင်းဆီကို ပြောင်းရွှေ့ကစားခဲဲ့ပြီး အဲ့ဒီကနေတစ်ဆင့် စီးရီးအေကလပ် ဘရက်စီယာအသင်းဆီကို ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ အာဆင်နယ်အသင်းနည်းပြ ဖြစ်လာမယ့်လို့ သတင်းထွက်လာခဲ့တဲ့ ဗီအာရာဟာ သူရဲ့တပည့်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘလော့တယ်လီနဲ့ပတ်သက်ပြီး “မာရီယိုရဲ့စိတ်နေစိတ်ထားက ကိုင်တွယ်ရခက်ခဲဲလွန်းပါတယ်။ အလုပ်ကြိုးစားတွေ ကျွန်တော်တို့တွေနဲ့ အတူတကွရှိနေပြီး ပြသာနာတွေ ဖြေရှင်းတာတွေကို လုပ်ဆောင်စေချင်ပေမယ့်လည်း သူ့လို ကစားသမားမျိုးနဲဲ့ ရေရှည်အလုပ်တွဲလုပ်ဖို့က တကယ်ကို ခက်ခဲလွန်းတယ်။ ကျွန်တော်တို့နှစ်ယောက် ဆက်လက် လက်တွဲလုပ်ကိုင်ဖို့က ခက်ခဲနေတာမို့ နောက်ဆုံးတော့ လက်တွဲဖြုတ်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ရတာ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘလော့တယ်လီဟာ အခုလည်း ဘရက်စီယာအသင်းမှာ သူရဲ့အကျင့်ဆိုးတွေ ဆက်လက်ပြုပြင်နိုင်ခြင်းမရှိသေးလို့ အသင်းနဲ့ လမ်းခွဲဲရဖို့တောင် နီးစပ်လို့နေပါတယ်။