မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ အသင္းရဲ႕ကြင္းလယ္ကစားသမားႏွစ္ဦးျဖစ္တဲ႔ ေပါလ္ေပါ့ဘာနဲ႔ တြမ္မီေနးတုိ႔လုိ အဓိက ကစားသမားေတြကုိ ဒဏ္ရာျပသာနာေတြေၾကာင့္ တစ္လခန္႔ေလာက္ ထပ္မံအနားေပးရမယ့္ အေနအထားမွာရွိေနလုိ႔ အခု ေဆာင္းရာသီေစ်းကြက္အတြင္းမွာ ကြင္းလယ္ကစားသမားသစ္တစ္ေယာက္ကုိ ေခၚယူအားျဖည့္သြားဖုိ႔ ျပင္ဆင္ေနလ်က္ရွိၿပီး လက္ရွိမွာေတာ့ ဘာစီလုိနာအသင္းရဲ႕ဝါရင့္ခ်ီလီကြင္းလယ္ကစားသမား ဗီဒယ္ကုိ ေခၚယူဖုိ႔အတြက္ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေတာ့မယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

အသက္၃၂ႏွစ္အအရႊယ္ရွိ ခ်ီလီလက္ေရြးစင္ ကြင္းလယ္ကစားသမား ဗီဒယ္ဟာ ဘုိင္ယန္ျမဴးနစ္အသင္းကေန ဘာစီလုိနာကုိ မေျပာင္းေရႊ႕ခင္ကတည္းက ယူႏုိက္တက္အသင္းနဲ႔ ေတာ္ေတာ္ေလး သတင္းေတြ ထြက္ေပၚခဲ႔ဖူးေသးၿပီး အေသအခ်ာ မကမ္းလွမ္းႏုိင္ခဲ႔လုိ႔သာ ဘာစီလုိနာအသင္းဆီ ယူရုိ၁၈သန္းနဲ႔ ေရာက္ရွိသြားခဲ႔ရတာျဖစ္ပါတယ္။ လက္ရွိမွာ ဗီဒယ္က ဘာစီလုိနာနဲ႔ စာခ်ဳပ္သက္တမ္း သိပ္မက်န္ရွိေတာ့သလုိ ပြဲထြက္ကစားခြင့္လည္း နည္းပါးေနတာေၾကာင့္ ဒီေစ်းကြက္ထဲမွာ အသင္းကေန ထြက္ခြာသြားဖုိ႔ ေသခ်ာသေလာက္ရွိေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

သတင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဗီဒယ္ရဲ႕ေအးဂ်င့္ျဖစ္သူဟာ ဒီရက္ပုိင္းမွာပဲ ခ်ီလီႏုိင္ငံကေန ဥေရာပတုိက္ဆီ ခရီးႏွင္လာခဲ႔ၿပီျဖစ္ၿပီး သူ႔အသင္းသားရဲ႕အေျပာင္းအေရႊ႕ကိစၥအေၾကာင္းကုိ ေဆြးေႏြးညိွႏႈိင္းမႈေတြ စတင္ျပဳလုပ္ေတာ့မယ္လုိ႔ သိရွိရပါတယ္။ ဗီဒယ္ဟာ သူရဲ႕ဆရာေဟာင္းျဖစ္သူ ကြန္တီကုိင္တယ္ေနတဲ႔ အင္တာမီလန္အသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔ အေျခအေနမ်ားေနတယ္ဆုိေပမယ့္လည္း ယူႏုိက္တက္အသင္းရဲ႕တာဝန္ရွိသူေတြက အသင္းသားဆန္းခ်က္ဇ္နဲ႔ပတ္သက္ၿပီး ဗီဒယ္ရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ ရင္းႏွီးကြ်မ္းဝင္မႈ အေတာ္ေလးရွိထားခဲ႔လုိ႔ ယူႏုိက္တက္ဘက္ကေနသာ ကမ္းလွမ္းမႈကုိ အေသအခ်ာ ျပဳလုပ္ႏုိင္မယ္ဆုိရင္ေတာ့ ဗီဒယ္ကုိ ေခၚယူႏုိင္ဖုိ႔ အေျခအေနေကာင္းႏုိင္ပါတယ္။ ဗီဒယ္ဟာ ဘာစီလုိနာအသင္းအတြက္ ပြဲထြက္ကစားခြင့္ေတြ အေတာ္ေလးနည္းပါးေနၿပီး အရန္ကစားသမားအျဖစ္သာ အခ်ိန္ကုန္ေနရေပမယ့္လည္း လာလီဂါသြင္းဂုိးက ၆ဂုိးအထိ သြင္းယူထားႏုိင္ခဲ႔ကာ သူရဲ႕ေျခစြမ္းေျခစေတြကုိ ျပသထားႏုိင္ခဲ႔ပါတယ္။

(Unicode)

ဗီဒယ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်တော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ တွမ်မီနေးတို့လို အဓိက ကစားသမားတွေကို ဒဏ်ရာပြသာနာတွေကြောင့် တစ်လခန့်လောက် ထပ်မံအနားပေးရမယ့် အနေအထားမှာရှိနေလို့ အခု ဆောင်းရာသီစျေးကွက်အတွင်းမှာ ကွင်းလယ်ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူအားဖြည့်သွားဖို့ ပြင်ဆင်နေလျက်ရှိပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ဝါရင့်ချီလီကွင်းလယ်ကစားသမား ဗီဒယ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၃၂နှစ်အအရွှယ်ရှိ ချီလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ဘာစီလိုနာကို မပြောင်းရွှေ့ခင်ကတည်းက ယူနိုက်တက်အသင်းနဲ့ တော်တော်လေး သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသေးပြီး အသေအချာ မကမ်းလှမ်းနိုင်ခဲ့လို့သာ ဘာစီလိုနာအသင်းဆီ ယူရို၁၈သန်းနဲ့ ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဗီဒယ်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း သိပ်မကျန်ရှိတော့သလို ပွဲထွက်ကစားခွင့်လည်း နည်းပါးနေတာကြောင့် ဒီစျေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Getty Images

သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဗီဒယ်ရဲ့အေးဂျင့်ဖြစ်သူဟာ ဒီရက်ပိုင်းမှာပဲ ချီလီနိုင်ငံကနေ ဥရောပတိုက်ဆီ ခရီးနှင်လာခဲ့ပြီဖြစ်ပြီး သူ့အသင်းသားရဲ့အပြောင်းအရွှေ့ကိစ္စအကြောင်းကို ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်တော့မယ်လို့ သိရှိရပါတယ်။ ဗီဒယ်ဟာ သူရဲ့ဆရာဟောင်းဖြစ်သူ ကွန်တီကိုင်တယ်နေတဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကစားဖို့ အခြေအနေများနေတယ်ဆိုပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေက အသင်းသားဆန်းချက်ဇ်နဲ့ပတ်သက်ပြီး ဗီဒယ်ရဲ့အေးဂျင့်ဖြစ်သူနဲ့ ရင်းနှီးကျွမ်းဝင်မှု အတော်လေးရှိထားခဲ့လို့ ယူနိုက်တက်ဘက်ကနေသာ ကမ်းလှမ်းမှုကို အသေအချာ ပြုလုပ်နိုင်မယ်ဆိုရင်တော့ ဗီဒယ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနိုင်ပါတယ်။ ဗီဒယ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ အတော်လေးနည်းပါးနေပြီး အရန်ကစားသမားအဖြစ်သာ အချိန်ကုန်နေရပေမယ့်လည်း လာလီဂါသွင်းဂိုးက ၆ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ သူရဲ့ခြေစွမ်းခြေစတွေကို ပြသထားနိုင်ခဲ့ပါတယ်။