မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ လက်ရှိရာသီကုန်မှာ အသင်းက ထွက်သွားတော့မယ် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားရဲ့ နေရာမှာ အခြားသူ တစ်ယောက်ကို ခေါ်ယူပြီး အစားထိုးဖို့ အလွန် ခက်ခဲပါတယ်လို့ DAZN သတင်းမှာ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ အသက် (၃၄) နှစ် အရွယ် ဝါရင့် ကွင်းလယ်လူ ကစားသမား ဒေးဗစ် ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ (၁၀) နှစ်ကြာ ကစားပြီးနောက် အသင်းကနေ ထွက်သွားတော့မှာပဲ ဖြစ်ပြီး မန်စီးတီးအသင်းနဲ့ အတူ အင်္ဂလန် ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ်အထိ ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၁၈) မှတ် ကွာဟတာကြောင့် ပရီးမီးယားလိဂ် ဖလား မရရှိနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ချေ အခွင့်အရေး ပိုများပြီး အသင်းရဲ့ နည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကို ချီးကျူးသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာက “ဒေးဗစ် ဆေးလ်ဗားရဲ့ ကစားဟန် နဲ့ သူ့ရဲ့ အည်အချင်းကို မှီနိုင်တဲ့ သူကို ခေါ်ယူနိုင်ဖို့က အလွန် ခက်ခဲပါတယ်။ အထူးအသဖြင့် သူ့ရဲ့ အချည်အချင်းကိုသာ မဟုတ်ဘဲနဲ့  သူ့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကို အစားထိုးဖို့ ခက်ခဲပါတယ်။ သူ့ရဲ့ အရည်အချင်းက တုနှိုင်းမဲ့ နဲ့ အထူး ဖြစ်ပြီး နေရာကျပ်တဲ့ နေရာတွေမှာ ရွှေ့ကစားနိုင်ပါတယ်။ သူနဲ့ အတူ (၄) နှစ် ကစားခဲ့တဲ့အတွင်းမှာ ကျွန်တော့်ကို အံ့အားသင့်စေဆုံးက သူ ကစားတဲ့ အချိန်မှာ သူ့ရဲ့ ပြင်းထန်လွန်းတဲ့ ပြိုင်ဆိုင်လိုစိတ်ပဲ ဖြစ်ပါတယ်”လို့ DAZN သတင်းမှာ အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။