MySport Myanmar

ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်မှုအတိုင်း တစ်ထပ်တည်း လုပ်ဆောင်ပြထားတဲ့ ဗင်နီစီယပ်စ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဆမ်ဘာ ကြယ်ပွင့် ကစားသမားလေး ဗင်နီစီယပ်စ်ကတော့ အသင်းတိုက်စစ်ပိုင်းမှာ ဝါရင့် ကစားသမားကြီး ဘန်ဇီမာ လက်ရွေးစင် နဲ့ ကလပ်အသင်းဖော် ရိုဒရီဂိုတို့နဲ့ တွဲဖက်ပြီး သူရဲ့ အကောင်းဆုံးသော စွမ်းဆောင်မှုတွေကို (၂)ရာသီဆက်တိုက်အထိ လုပ်ဆောင်ပြထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ရီးယဲလ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရသူ ဗင်နီစီယပ်စ်ဟာ မနေ့ညက အယ်လ်မီရီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ သွင်းဂိုး သွင်းယူခြင်း မရှိပေမယ့်လည်း ဘန်ဇီမာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဒီရာသီ သူရဲ့ ပြိုင်ပွဲစုံအတွင်း ဂိုးဖန်တီးမှု အရေအတွက်က ဂိုး(၂၀) ပြည့်သွားခဲ့ရပါတယ်။ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် လူငယ် ကစားသမားလေးဟာ ဒီနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး စုစုပေါင်း (၂၂)ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ဂိုး(၂၀) ပြုလုပ်ထားရာ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ စွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း တစ်ထရောတည်းကို ပြန်လည် စွမ်းဆောင်ပြထားနိုင်ပါတယ်။

Photo Credit : The Real Champs

၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် ကစားပေးခွင့် ရရှိခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာတော့ ကစားသမားဘဝအတွင်း အကောင်းဆုံး performance တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ ဂိုး (၂၂)ဂိုး ဂိုးဖန်တီးမှု (၂၀) ပြုလုပ်နိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်က အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား နဲ့ လာလီဂါဖလားတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ ဒီရာသီမှာတော့ ဗင်နီအနေနဲ့ ရီးယဲလ်အသင်းကို လာလီဂါဖလားရအောင် စွမ်းဆောင်ပေးနိုင်တော့မှာ မဟုတ်ပေမယ့်လည်း ဖလား(၄)လုံး ရရှိအောင်တော့ စွမ်းဆောင်ပေးနိုင်ဖို့ ရှိနေပါတယ်။

Photo Credit : Forbes

ဗင်နီက ရီးယဲလ်နဲ့အတူ ဥရောပ စူပါဖလား ၊ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူထားနိုင်ခဲ့သလို ရီးယဲလ် ကစားသမားဘဝအတွင်း မရယူနိုင်သေးတဲ့ ဆုဖလားဖြစ်သော ကိုပါဒယ်ရေးမှာလည်း ဖိုင်နယ်ထိ ရောက်ရှိထားသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားခဲ့ပါတယ်။ အခုလည်း ဗင်နီက သူ မနှစ်က ရာသီ စွမ်းဆောင်မှုအတိုင်း ပြန်လည် လုပ်ဆောင်ထားနိုင်ခဲ့ပြီး လက်ကျန်ပွဲတွေလည်း ရှိနေသေးတာကြောင့် ဂိုးတွေ ဂိုးဖန်တီးမှုတွေအပြင် ဆုဖလားတွေပါ ထပ်မံ ရရှိအောင်ပါ စွမ်းဆောင်နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version