ယမန်နေ့ညမှာတော့ ကမ္ဘာပေါ်မှာ ရင်ခုန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဘောလုံးပြိုင်ပွဲ အဖြစ် သတ်မှတ် ခံထားရတဲ့ ပရီးမီးယားလိဂ်ရဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ အဆုံးသတ် သွားခဲ့ပါပြီ။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရိသတ်တွေ မထင်မှတ်ထားတဲ့ အဖြစ်အပျက် ၊ အကြောင်းအရာတွေ များစွာ ဖြစ်ပျက်သွားခဲ့သလို ကိုရိုနာဗိုင်းရပ်လိုမျိုး ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါ ဖြစ်ပွားခဲ့တာကြောင့် ပြိုင်ပွဲကို ခေတ္တမျှ ရပ်နားခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်သလို ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အကောင်းဆုံး ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။

အကောင်းဆုံးဂိုးသမားဆု-အီဒါဆန်(မန်စီးတီး)

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရရှိသွားတဲ့ သူကတော့ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန်ပဲ ဖြစ်ပါတယ်။ အီဒါဆန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ clean sheet ၁၇ပွဲအထိ ရရှိခဲ့ပြီး ပေးဂိုးလည်း ၃၅ဂိုးသာ ခွင့်ပြုပေးခဲ့ရတဲ့ ဂိုးသမားတစ်ဦးပါ။

Photo Credit: Daily Star

အကောင်းဆုံး ဖန်တီးရှင်ဆု-ဒီဘရိုင်း(မန်စီးတီး)

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဖန်တီးရှင်ဆု (သို့မဟုတ်) အကောင်းဆုံး ကွင်းလယ် ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမားကတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရာသီမှာ ဂိုးဖန်တီးမှု အကြိမ်၂၀အထိ ပြုလုပ်နိုင်ခဲ့သလို သွင်းဂိုး ၁၃ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီရာသီရဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

Photo Credit: Daily Star

အကောင်းဆုံးတိုက်စစ်မှူး-ဗာဒီ(လက်စတာ)

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆု သို့မဟုတ် အကောင်းဆုံး တိုက်စစ်မှူးဆုကို ရရှိခဲ့တဲ့သူကတော့ လက်စတာစီးတီးအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဂျေမီဗာဒီပ​ဲ ဖြစ်ပါတယ်။ အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဗာဒီဟာ လက်ရှိ ဘောလုံးရာသီမှာ သွင်းဂိုး ၂၃ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုကို ရရှိခဲ့တာ ဖြစ်သလို သူဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်း မှာ ရွှေဖိနပ်ဆုကို ရရှိတဲ့ အသက်အကြီးဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။