MySport Myanmar

နွေရာသီမှသာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားမယ့် ဗာရန်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် ဝါရင့် ခံစစ်မှူးကြီး ရာဖယ်လ် ဗာရန်းဟာ မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းကနေ ထွက်ခွာဦးမှာ မဟုတ်ပဲ နွေမှသာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေပါတယ်။

လတ်တလောမှာ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး ဗာရန်းကို ဘိုင်ယန်မြူးနစ်အသင်းက ဆောင်းဈေးကွက်မှာပဲ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို ဗာရန်းကလည်း ဘိုင်ယန်ကို ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ဗာရန်းကတော့ ရာသီကုန်တဲ့အထိ ယူနိုက်တက်မှာပဲ ဆက်ရှိသွားနိုင်ပါတယ်။

Photo Credit : Eurosport

အသက် (၃၀)အရွယ်ရှိ ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဗာရန်းဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက ရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှ်ိလာခဲ့တာဖြစ်ပြီး (၂)ရာသီလုံး ယူနိုက်တက်အတွက် အဓိက ခံစစ်မှူးအဖြစ် ကစားပေးခဲ့ရပေမယ့်လည်း ဒီရာသီရဲ့ နောက်ပိုင်းပွဲတွေမှာတော့ အီဗန်စ် မက်ဂွိုင်းယားတို့ရဲ့ အရန် ဖြစ်နေရပါတယ်။

ဒီလို အခြေအနေကြောင့်ပဲ ဗာရန်းနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရတာ ဖြစ်သလို ဒီရက်ပိုင်းမှာလည်း ဘိုင်ယန်အသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေရပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဗာရန်း ကိုယ်တိုင်ကတော့ ဆောင်းဈေးကွက်မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ အသင်းနဲ့ ရာသီကုန်အထိ ဖြတ်သန်းပြီး နွေရောက်မှသာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။

Mail Sport ရဲ့ ဖော်ပြချက်အရတော့ ဗာရန်းဟာ အီတလီ ဒါမှမဟုတ် ဆော်ဒီ ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်အနေနဲ့ ဗာရန်းရဲ့ အပြောင်းအရွှေ့အတွက် ပေါင်သန်း(၂၀)လောက်သာ ရရှိနိုင်တယ်လို့ သိရပါတယ်။

Exit mobile version