ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့ ရလဒ်တွေဆုံးရှံးခဲ့ရလို့ ချန်ပီယံဆုကို ပြန်လည်ကာကွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလို လီဗာပူးလ်အသင်းရဲ့ကျော်တတ်ခံခဲ့ရပြီး ရမှတ်ကွာဟချက်ပါ အရမ်းမြင့်မားခဲ့ရပြီး သိပ်မကြာခင်မှာပဲ လီဗာပူးလ်ဆီ ချန်ပီယံဆုကို လွဲပြောင်းပေးရတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီမှာ နေရာပြောင်းစုံ အားနည်းမှုတွေရှိနေခဲ့တယ်ဆိုပေမယ့် ခံစစ်ပိုင်းကတော့ အဆိုးဆုံးဖြစ်နေရပြီး လာပေါ့တ်ဒဏ်ရာရသွားချိန်မှာ မန်စီးတီးရဲ့ခံစစ်က အတော်လေးကို ယိုယွင်းခဲ့ရလို့ လီဗာပူးလ်နဲ့လည်း ရမှတ်ကွာဟချက်တွေ အဆမတန် ကြီးထွားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ခံစစ်ပိုင်းပြုပြင်ပြောင်းလဲမှုကို ဦးစားပေးလုပ်ဆောင်ဖို့ ကြံရွှယ်လျက်ရှိနေကာ အသင်းရဲ့အမာခံ ခံစစ်ကစားသမား လာပေါ့တ်နဲ့ တွဲဖက်ပေးဖို့အတွက် ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီးယက်ဇ် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်း လက်စတာနောက်ခံလူ ဆိုယွန်ဂျူ ရက်ဘူးလိုက်ပ်ဇစ်နောက်ခံလူ အပယ်မီကာနိုနဲ့ အင်တာမီလန်နောက်ခံကစားသမား ရှာကရီညာ နာပိုလီနောက်ခံလူ ကူလီဘလီတို့ကို ပစ်မှတ်ထားလို့နေပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာပဲ အသင်းခေါင်းဆောင် နောက်ခံလူကြီး ကွန်ပနီကို အသင်းကနေ လက်လွတ်ခဲ့ရတဲ့အပြင် သူ့ရောအတွက်ကိုလည်း ကစားသမားသစ် ပြန်လည်ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ခံစစ်မှာ အားအထားရဆုံး လာပေါ့တ်ဒဏ်ရာရသွားချိန် အသင်းက ရှိရင်းစွဲခံစစ်ကစားသမားတွေမှာ အသင်းရဲ့ခံစစ်အတွင်း ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကပါ ခံစစ်အထိ ဆင်းကစားခဲ့ရကာ ခံစစ်ပိုင်းအားနည်းခဲ့ရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့အတွက် မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ ခံစစ်ကစားသမားသစ် အနည်းဆုံးတစ်ယောက်လောက်ကို ခေါ်ယူသွားမှာဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယားနောက်ခံလူ ရှာကရီညာကတော့ မန်စီးတီးရဲ့အဓိကပစ်မှတ်ဖြစ်နေသလို အသင်းရဲ့ခံစစ်မှူးဂျွန်စတုန်းစ်ကိုလည်း ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။