လက္ရွိ ပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲနဲ႔ ဆက္စပ္ၿပီး ေဝဖန္စရာအမ်ားအျပား ၾကဳံေတြ႕ေနရတဲ့ အရာကေတာ့ Video Assistant Refreeဆိုတဲ့ VARစနစ္ပဲ ျဖစ္ပါတယ္။ လက္ရွိ ေဘာလုံးရာသီမွာသာ စတင္သုံးစြဲတဲ့ VAR စနစ္ဟာ ေဘာလုံးရာသီတစ္ဝက္ ကုန္ဆုံးသြားၿပီးခ်ိန္မွာေတာ့ ပရိသတ္ေတ​ြ ၊ ကစားသမားေတြရဲ့ ၿငိဳျငင္မွုေတြနဲ႔ ရင္ဆိုင္ေနရၿပီး ယခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပရိသတ္ေတြရဲ့ VARအလိုမရွိဆိုတဲ့ ဆႏၵျပမွုေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

Photo Credit: Express.com

ယခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ေဘာလုံးပရိသတ္ေတြဟာ Anti-VARဆိုတဲ့ စာတမ္းပါရွိေသာ အက်ီေတြကို ဝတ္ဆင္ၿပီး VARစနစ္​ကို ဆန႔္က်င္ခဲ့ၾကပါတယ္။ အဲ့ဒီလို ဆန႔္က်င္တဲ့ ရက္သတၱပတ္မွာပဲ VAR စနစ္ရဲ့ လြဲမွားေနတဲ့ အခ်က္တစ္ခုဟာ ထြက္ေပၚလာခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ VARဟာ ေနာက္ထပ္ ေဝဖန္မွုတစ္ခုနဲ႔ ထပ္တိုးရင္ဆိုင္ေနရၿပီလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

အဲ့ဒါကေတာ့ အာဆင္နယ္ရဲ့ တိုက္စစ္မွူး အူဘာမီယန္းနဲ႔ လီဗာပူးလ္ရဲ့ ေနာက္ခံလူ ေရာ္ဘတ္ဆန္တို႔ဟာ ပြဲစဥ္ေတြအတြင္းမွာ တူညီတဲ့ ျပစ္ဒဏ္က်ဴးလြန္မွုမ်ိဳးကို လုပ္ခဲ့ၾကေပမယ့္ VARရဲ့ဆုံးျဖတ္ခ်က္ဟာ မတူညီခဲ့တဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္ အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ပြဲစဥ္မွာ အူဘာမီယန္းဟာ ပြဲခ်ိန္ ၆၆မိနစ္မွာ ခရစၥတယ္ပဲေလ့စ္အသင္းရဲ့ ကြင္းလယ္လူ မက္စ္ေမယာရဲ့ ေျခက်င္းဝတ္ကို တက္နင္းမိခဲ့ၿပီး VARဟာ အဆိုပါ က်ဴးလြန္မွုအေပၚ အူဘာမီယန္းကို အနီကတ္ျပသဖို႔ ကြင္းလယ္ဒိုင္လူႀကီးကို အခ်က္ျပခဲ့ပါတယ္။

Photo Credit: Express.com

စပါးအသင္းနဲ႔လီဗာပူးလ္အသင္းတို႔ ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာလည္း ပြဲကစားခ်ိန္ ၆၆မိနစ္မွာ လီဗာပူးလ္ေနာက္ခံလူ ေရာ္ဘတ္ဆန္ဟာ စပါးေနာက္ခံလူ တန္ဂမ္ဂါရဲ့ ေျခေထာက္ကို နင္းမိခဲ့တာျဖစ္ၿပီး အဆိုပါျပစ္ဒဏ္က်ဴးလြန္မွုမွာေတာ့ ေရာ္ဘတ္ဆန္ဟာ အနီကတ္ျပသခံခဲ့ရျခင္း မရွိခဲ့ပါဘူး။ အဆိုပါ ျဖစ္ရပ္ႏွစ္ခုကို ဆက္စပ္ၿပီး အာဆင္နယ္အသင္းပရိသတ္ေတြနဲ႔ တျခားအသင္းပရိသတ္ေတြဟာ VARရဲ့ဆုံးျဖတ္ခ်က္ေတြဟာ ” ဘယ္လိုလဲ ” လို႔ ေဝဖန္ခဲ့ၾကသလို VAR ကို ပရီးမီးယားလိဂ္ကေန ဖယ္ရွားဖို႔လည္း ေျပာဆိုေနၾကပါတယ္။

လက်ရှိ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲနဲ့ ဆက်စပ်ပြီး ဝေဖန်စရာအများအပြား ကြုံတွေ့နေရတဲ့ အရာကတော့ Video Assistant Refreeဆိုတဲ့ VARစနစ်ပဲ ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာသာ စတင်သုံးစွဲတဲ့ VAR စနစ်ဟာ ဘောလုံးရာသီတစ်ဝက် ကုန်ဆုံးသွားပြီးချိန်မှာတော့ ပရိသတ်တေ​ွ ၊ ကစားသမားတွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ VARအလိုမရှိဆိုတဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Express.com

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဘောလုံးပရိသတ်တွေဟာ Anti-VARဆိုတဲ့ စာတမ်းပါရှိသော အကျီတွေကို ဝတ်ဆင်ပြီး VARစနစ်​ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အဲ့ဒီလို ဆန့်ကျင်တဲ့ ရက်သတ္တပတ်မှာပဲ VAR စနစ်ရဲ့ လွဲမှားနေတဲ့ အချက်တစ်ခုဟာ ထွက်ပေါ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ VARဟာ နောက်ထပ် ဝေဖန်မှုတစ်ခုနဲ့ ထပ်တိုးရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

အဲ့ဒါကတော့ အာဆင်နယ်ရဲ့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ လီဗာပူးလ်ရဲ့ နောက်ခံလူ ရော်ဘတ်ဆန်တို့ဟာ ပွဲစဉ်တွေအတွင်းမှာ တူညီတဲ့ ပြစ်ဒဏ်ကျူးလွန်မှုမျိုးကို လုပ်ခဲ့ကြပေမယ့် VARရဲ့ဆုံးဖြတ်ချက်ဟာ မတူညီခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာ အူဘာမီယန်းဟာ ပွဲချိန် ၆၆မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်လူ မက်စ်မေယာရဲ့ ခြေကျင်းဝတ်ကို တက်နင်းမိခဲ့ပြီး VARဟာ အဆိုပါ ကျူးလွန်မှုအပေါ် အူဘာမီယန်းကို အနီကတ်ပြသဖို့ ကွင်းလယ်ဒိုင်လူကြီးကို အချက်ပြခဲ့ပါတယ်။

Photo Credit: Express.com

စပါးအသင်းနဲ့လီဗာပူးလ်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာလည်း ပွဲကစားချိန် ၆၆မိနစ်မှာ လီဗာပူးလ်နောက်ခံလူ ရော်ဘတ်ဆန်ဟာ စပါးနောက်ခံလူ တန်ဂမ်ဂါရဲ့ ခြေထောက်ကို နင်းမိခဲ့တာဖြစ်ပြီး အဆိုပါပြစ်ဒဏ်ကျူးလွန်မှုမှာတော့ ရော်ဘတ်ဆန်ဟာ အနီကတ်ပြသခံခဲ့ရခြင်း မရှိခဲ့ပါဘူး။ အဆိုပါ ဖြစ်ရပ်နှစ်ခုကို ဆက်စပ်ပြီး အာဆင်နယ်အသင်းပရိသတ်တွေနဲ့ တခြားအသင်းပရိသတ်တွေဟာ VARရဲ့ဆုံးဖြတ်ချက်တွေဟာ ” ဘယ်လိုလဲ ” လို့ ဝေဖန်ခဲ့ကြသလို VAR ကို ပရီးမီးယားလိဂ်ကနေ ဖယ်ရှားဖို့လည်း ပြောဆိုနေကြပါတယ်။