အာဆင်နယ် မန်ချက်စတာယူနိုက်တက် ဖီနာဘာချီနဲ့ ဖီယင်နော့အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး အခုတော့ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး ရော်ဘင်ဗန်ပါစီက LVG-The Manager and the Total Person ဆိုတဲ့ သူကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ စာအုပ်ထဲမှာ ကစားသမားဘဝအတွင်း သူနဲ့လက်တွဲလက်ကိုင်ခဲ့ဖူးတဲ့ ဘောလုံးနည်းပြတွေရဲ့အကြောင်းကို ဖော်ပြလို့ထားပြီး ယူနိုက်တက်အသင်းမှာ သူနဲ့လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ဆာအဲဲလက်စ်ဖာဂူဆန်ကတော့ သူ့အတွက် အကောင်းဆုံးသော နည်းပြဖြစ်တယ်လို့လည်း သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : Daily Express

ဗန်ပါစီဟာ သူရဲ့ ဘောလုံးသမားဘဝအတွင်း အာဆင်ဝင်းဂါး ဖာဂူဆန် လူးဝစ်ဗန်ဟားတို့လို နာမည်ကျော် ဘောလုံးနည်းပြကြီးတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပြီး အသင်းဟောင်း အာဆင်နယ်မှာ နှစ်အကြာကြီး လက်တွဲခဲ့တဲ့ နည်းပြအာဆင်ဝင်းဂါးကို ချန်လှပ်ခဲ့ပြီး ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကသာ သူ့အတွက် အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ရွေးချယ်သတ်မှတ်သွားခဲ့ပါတယ်။ ဗန်ပါစီက “ဖာဂူဆန်က သူ့အသင်းသားတွေအားလုံးကို ပျော်ရွှင်မှုရှိနေအောင်နဲ့ ပွဲအတွင်း အာရုံစိုက်နိုင်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အကြောင်းကို သိရှိနေတာ အရမ်းထူးခြားကောင်းမွန်လှပါတယ်”

Photo Credit : Football365

“ဝင်းဂါးက ဗန်ပါစီနဲ့ ဗန်ဟားတို့ကို ပေါင်းစပ်ထားသလိုပါပဲ။ သူက အကောင်းမြင်စိတ်ကို အလေးထားတဲ့သူ။ သူက အလုပ်တစ်ခုကို ရေရှည်လုပ်ဖို့အတွက်ပဲ အာရုံစိုက်ထားတဲ့သူမျိုး။ နည်းစနစ်ပိုင်းမှာဆိုရင်တော့ ဗန်ဟားက ပါရမီရှင်ပဲ။ ဒါကိုတော့ သင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် အဲ့ဒီလို ထူးချွန်မှုတွေကိုယ်စီရှိတဲ့ နည်းပြတွေနဲ့ လက်တွဲခဲ့ရတာပါ။ ဒါပေမယ့် ဖာဂူဆန်ကတော့ အားလုံးထဲမှာ တကယ့်ကို ရှယ်နည်းပြကြီးပါ” လို့ သူရဲ့စာအုပ်ထဲမှာ ရေးသားဖော်ပြလို့ထားပါတယ်။ တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်ကမှ အာဆင်နယ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့ပြီး ဖာဂူဆန်နဲ့ပူးပေါင်းခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဗန်ပါစီဟာ အဲ့ဒီနှစ်က ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများစွာ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်် ဂိုးသွင်းဘုရင်ဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သလို သူရဲ့ ကစားသမားဘဝအတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။