မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ လက်ရှိ မန်ယူတိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကို အတုခိုးတာ မကောင်းကြောင်း နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို အတုမခိုးဖို့ သတိပေးသွားပါတယ်။ ရက်ခ်ျဖို့ဒ်ဟာ လက်ရှိရာသီမှာ ခြေစွမ်းပြနေပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၆) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူထားတာကြောင့် ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခံရလေ့ ရှိပါတယ်။
ရက်ခ်ျဖို့ဒ်ဟာ အသက် (၂၂) နှစ်အရွယ်သာ ရှိသေးပေမဲ့ ကွင်းထဲမှာ နဲ့ ကွင်းပြင်မှာ ရင့်ကျက်မှုကို ပြသခဲ့ပြီး နည်းပြ ဆိုးလ်ရှား အပါအဝင် လူတွေ များစွာက သူ့ကို အမွှမ်းတင် ချီးကျူးခဲ့ကြပါတယ်။ နည်းပြ ဆိုးလ်ရှားဆိုရင် တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကို မန်ယူ ဂန္တဝင် ကစားသမား ရော်နယ်ဒိုနဲ့ အမြဲ လိုလို ခိုင်းနှိုင်းလေ့ ရှိပြီး ရော်နယ်ဒိုလို ဖြစ်လာနိုင်တယ်လို့လည်း ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းခဲ့တဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီက ရက်ခ်ျဖို့ဒ်ကို အခြား ကစားသမား တစ်ဦးလို ဖြစ်လာဖို့ မကြိုးစားပါနဲ့လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ BT Sport နဲ့ အင်တာဗျူးနေတဲ့ အချိန်မှာ လက်ရှိ မန်ယူ တိုက်စစ် ဦးဆောင် ရက်ခ်ျဖို့ဒ်ကို မှတ်သားစရာ ကောင်းတဲ့ အကြံအဉာဏ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
{Unicode}
မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ လက်ရှိ မန်ယူတိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကို အတုခိုးတာ မကောင်းကြောင်း နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို အတုမခိုးဖို့ သတိပေးသွားပါတယ်။ ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ခြေစွမ်းပြနေပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၆) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူထားတာကြောင့် ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခံရလေ့ ရှိပါတယ်။
Photo Credit: Gettyimage
ရက်ချ်ဖို့ဒ်ဟာ အသက် (၂၂) နှစ်အရွယ်သာ ရှိသေးပေမဲ့ ကွင်းထဲမှာ နဲ့ ကွင်းပြင်မှာ ရင့်ကျက်မှုကို ပြသခဲ့ပြီး နည်းပြ ဆိုးလ်ရှား အပါအဝင် လူတွေ များစွာက သူ့ကို အမွှမ်းတင် ချီးကျူးခဲ့ကြပါတယ်။ နည်းပြ ဆိုးလ်ရှားဆိုရင် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကို မန်ယူ ဂန္တဝင် ကစားသမား ရော်နယ်ဒိုနဲ့ အမြဲ လိုလို ခိုင်းနှိုင်းလေ့ ရှိပြီး ရော်နယ်ဒိုလို ဖြစ်လာနိုင်တယ်လို့လည်း ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။
Photo Credit: Gettyimage
ဒါပေမဲ့လည်း အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းခဲ့တဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီက ရက်ချ်ဖို့ဒ်ကို အခြား ကစားသမား တစ်ဦးလို ဖြစ်လာဖို့ မကြိုးစားပါနဲ့လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ BT Sport နဲ့ အင်တာဗျူးနေတဲ့ အချိန်မှာ လက်ရှိ မန်ယူ တိုက်စစ် ဦးဆောင် ရက်ချ်ဖို့ဒ်ကို မှတ်သားစရာ ကောင်းတဲ့ အကြံအဉာဏ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Gettyimage
ဗန်ပါစီက ရက်ချ်ဖို့ဒ်ကို “ငါ အခြား ကစားသမား တစ်ယောက်လို ဖြစ်ချင်တဲ့ ကစားသမားတွေကို အများကြီး မြင်ဖူးတယ်။ ဒါက အလုပ်မဖြစ်ဘူး။ တကယ်လို့ မင်း အလိမ်အခေါက်တွေကို သင်ယူချင်တယ် ဆိုရင်တော့ သိပ်ကောင်းတယ်။ ဒါပေမဲ့ ကစားသမားတွေကို အတုခိုးဖို့ နဲ့ အခြား ကစားသမားတွေလို ဖြစ်လာဖို့တာ့ မကြိုးစားပါနဲ့”လို့ BT Sport မှာ အကြံပေးသွားတာ ဖြစ်ပါတယ်။