အာဆင္နယ္အသင္းနဲ႔ယူနိုက္တက္အသင္းတို႔မွာ ကစားခဲ့ဖူးတဲ့ နယ္သာလန္သားႀကီး ဗန္ပါစီကေတာ့ သူ႔ရဲ့အသင္းေဟာင္းႏွစ္သင္း အမ္းမရိတ္ကြင္းထဲ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ ပြဲစဥ္ကို BT Sportရဲ့ ေဘာလုံးသုံးသပ္သူအျဖစ္ ေဆာင္ရြက္ကာ ၾကည့္ရွုသြားခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္အတြင္းမွာေတာ့ ဗန္ပါစီက သူဟာ ေဒါသထြက္စရာျဖစ္ရပ္တစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့တယ္လို႔ ပြဲစဥ္အေၾကာင္းကို အက်ဥ္းခ်ဳံးကာ ျပန္ၿပီး သုံးသပ္တဲ့အခ်ိန္မွာ ျပန္ေျပာင္းေျပာျပသြားခဲ့တာပါ။

Photo Credit: Metro.com

ဗန္ပါစီေဒါသထြက္ခဲ့တာကေတာ့ ယူနိုက္တက္အသင္းရဲ့နည္းၿပ ဆိုးလ္ရွားရဲ့ အျပဳအမူနဲ႔ သက္ဆိုင္ေနခဲ့ၿပီး ဗန္ပါစီက ကိုယ့္ရဲ့အသင္း ရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး အင္တာဗ်ဴးမွာ ျပဳံးရယ္ေနခဲ့တဲ့ ဆိုးလ္ရွားအေပၚ ေဒါသထြက္ခဲ့တာလည္း ျဖစ္ပါတယ္။ ဗန္ပါစီကေတာ့ အသင္းတစ္သင္းရဲ့ နည္းျပတစ္ဦးအေနနဲ႔ အခုလို အသင္းရွုံးသြားတဲ့အခ်ိန္မွာ ျပဳံးရယ္ေနတာမ်ိဳး မလုပ္သင့္ဘူးလို႔လည္း ေျပာဆိုသြားခဲ့ပါေသးတယ္။

Photo Credit: Metro.com

 

ဆိုးလ္ရွားအေပၚ ေဒါသထြက္ခဲ့မွုအေပၚ ဗန္ပါစီက ” အိုေလ(ဆိုးလ္ရွား)ေျပာတဲ့ စကားေတြကို ကၽြန္ေတာ္နားေထာင္ၾကည့္တဲ့အခါ သူ႔ရဲ့စကားေတြက လူႀကီးလူေကာင္းတစ္ဦးနဲ႔ တူေနပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးအခ်ိန္မွာ သူ႔အေနနဲ႔ ဒီထက္ပိုတဲ့ ခံစားခ်က္ေတြကို ထုတ္ျပသင့္ပါတယ္။ ဒီလိုရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ သူ ျပဳံးေနတာကို ကၽြန္ေတာ္ ေတြ႕ခဲ့ပါတယ္။ ဒါက ျပဳံးေနရမယ့္အခ်ိန္မဟုတ္ပါဘူး ” လို႔ ေဝဖန္ ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Metro.com

ဆက္လက္ၿပီး ဗန္ပါစီက ဆိုးလ္ရွားဟာ ယူနိုက္တက္နဲ႔သင့္ေတာ္တဲ့ နည္းျပျဖစ္တယ္လို႔ သူမထင္ေၾကာင္း ” သူတို႔ဟာ ပြဲစဥ္ကို ဘယ္လို ကစားမလဲဆိုတဲ့ အစီအစဥ္ေတြ လိုအပ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ နည္းျပကို နည္းနည္း စိုးရိမ္မိတယ္ဗ်။ ခင္ဗ်ားက ေကာင္းမြန္တဲ့ ေျပးလႊားမွုေတြ ၊ ေဘာလုံးေပးပို႔မွုေတြ မလုပ္နိုင္ရင္ ဒီလိုပြဲစဥ္မွာ ရွုံးနိမ့္ရမွာပဲ။ ဒီလိုပုံစံမ်ိဳး ေနာက္ပြဲေတြမွာ ကစားလို႔မရပါဘူး ” လို႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

အာဆင်နယ်အသင်းနဲ့ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နယ်သာလန်သားကြီး ဗန်ပါစီကတော့ သူ့ရဲ့အသင်းဟောင်းနှစ်သင်း အမ်းမရိတ်ကွင်းထဲ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပွဲစဉ်ကို BT Sportရဲ့ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်ကာ ကြည့်ရှုသွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အတွင်းမှာတော့ ဗန်ပါစီက သူဟာ ဒေါသထွက်စရာဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်လို့ ပွဲစဉ်အကြောင်းကို အကျဉ်းချုံးကာ ပြန်ပြီး သုံးသပ်တဲ့အချိန်မှာ ပြန်ပြောင်းပြောပြသွားခဲ့တာပါ။

Photo Credit: Metro.com

ဗန်ပါစီဒေါသထွက်ခဲ့တာကတော့ ယူနိုက်တက်အသင်းရဲ့နည်းပြ ဆိုးလ်ရှားရဲ့ အပြုအမူနဲ့ သက်ဆိုင်နေခဲ့ပြီး ဗန်ပါစီက ကိုယ့်ရဲ့အသင်း ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ ပြုံးရယ်နေခဲ့တဲ့ ဆိုးလ်ရှားအပေါ် ဒေါသထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗန်ပါစီကတော့ အသင်းတစ်သင်းရဲ့ နည်းပြတစ်ဦးအနေနဲ့ အခုလို အသင်းရှုံးသွားတဲ့အချိန်မှာ ပြုံးရယ်နေတာမျိုး မလုပ်သင့်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါသေးတယ်။

Photo Credit: Metro.com

ဆိုးလ်ရှားအပေါ် ဒေါသထွက်ခဲ့မှုအပေါ် ဗန်ပါစီက ” အိုလေ(ဆိုးလ်ရှား)ပြောတဲ့ စကားတွေကို ကျွန်တော်နားထောင်ကြည့်တဲ့အခါ သူ့ရဲ့စကားတွေက လူကြီးလူကောင်းတစ်ဦးနဲ့ တူနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအချိန်မှာ သူ့အနေနဲ့ ဒီထက်ပိုတဲ့ ခံစားချက်တွေကို ထုတ်ပြသင့်ပါတယ်။ ဒီလိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ ပြုံးနေတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါက ပြုံးနေရမယ့်အချိန်မဟုတ်ပါဘူး ” လို့ ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဆက်လက်ပြီး ဗန်ပါစီက ဆိုးလ်ရှားဟာ ယူနိုက်တက်နဲ့သင့်တော်တဲ့ နည်းပြဖြစ်တယ်လို့ သူမထင်ကြောင်း ” သူတို့ဟာ ပွဲစဉ်ကို ဘယ်လို ကစားမလဲဆိုတဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ နည်းပြကို နည်းနည်း စိုးရိမ်မိတယ်ဗျ။ ခင်ဗျားက ကောင်းမွန်တဲ့ ပြေးလွှားမှုတွေ ၊ ဘောလုံးပေးပို့မှုတွေ မလုပ်နိုင်ရင် ဒီလိုပွဲစဉ်မှာ ရှုံးနိမ့်ရမှာပဲ။ ဒီလိုပုံစံမျိုး နောက်ပွဲတွေမှာ ကစားလို့မရပါဘူး ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။