MySport Myanmar

ဒီမာရီယာရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန်လိုက်တဲ့ နယ်သာလန် နည်းပြကြီး ဗန်ဟားလ်

တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး လူးဝစ်ဗန်ဟားလ်နဲ့ တောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာတို့နှစ်ယောက်ဟာ အခုဆိုရင် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြိုင်ဘက်တွေအဖြစ်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပြီး လွန်ခဲ့တဲ့တစ်နှစ်ခန့်က ဒီမာရီယာ သူ့အပေါ် ဝေဖန်ထားခဲ့တဲ့ စကားတွေကို ဗန်ဟားလ်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

Photo Credit : SPORTbible

ဗန်ဟားလ်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကမှ ယူနိုက်တက်အသင်းဆီ နည်းပြအဖြစ် ရောက်ရှိလာချိန်မှာ ဒီမာရီယာကို ရီးယဲလ်မက်ဒရစ်ကနေ စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခဲ့ရတဲ့ ဒီမာရီယာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို ဗန်ဟားလ်က သူ့ကို နေရာအစုံမှာ အမျိုးမျိုး ကစားခိုင်းခဲ့လို့ သူ့မှာ အခက်အခဲတွေ ဖြစ်ခဲ့့ရတယ်လို့ ၂၀၂၁ခုနှစ်မှာ ဝန်ခံပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ဒီမာရီယာက ဗန်ဟားလ်ကို သူ့ကစားသမားဘဝအတွင်း အဆိုးရွွှားဆုံးသော နည်းပြတစ်ဦးအဖြစ်ပါ ဝေဖန်သွားခဲ့ပါသေးတယ်။

Photo Credit : CaughtOffside

ဒီလို ဝေဖန်စကားနဲ့ ပတ်သတ်ပြီး ဗန်ဟားလ်က “ဒီမာရီယာက အရမ်းကောင်းတဲ့ ကစားသမားပါ။ မန်ချက်စတာမှာ ရှိစဉ်တုန်းကတော့ သူ့မှာ ပြသာနာများစွာ ကြုံတွေ့ခဲ့ရပြီး သူ့အိမ်လည်း ဖောက်ထွင်းခံခဲ့ရပါတယ်။ နောက်ပြီး သူက ကျွန်တော့်ကို သူကြုံတွေ့ဖူးသမျှထဲမှာ အဆိုးရွှားဆုံးသော နည်းပြလို့ ခေါ်သွားခဲ့ပါတယ်။ သူက ဒီလို ထင်မြင်ချက်တွေ ရှိနေတဲ့ ကစားသမားအနည်းငယ်ထဲက တစ်ယောက်ပါ။ ဒီအတွက် ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သူ ဒီလို ပြောခဲ့တာကို စိတ်မကောင်းပါဘူး။ မန်ဖစ်(ဒီပိုင်း)လည်း မန်ချက်စတာမှာ ရှိခဲ့စဉ်တုန်းက သူ အတော်လေး အဆင်ပြေအောင် ကြိုးစားခဲ့ရတာတွေ အများကြီးပါပဲ။ အခု ကျွန်တော်တို့တွေ နှုတ်ခမ်းချင်း အနမ်းပေးကြပါမယ်။ မန်ဖစ်ကတော့ ဒါကို မလိုချင်လောက်ဘူး။ ဒါပေမယ့် ဒါလည်း အဆင်ပြေပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ချိန်က ဒီမာရီယာအပြင် ဒီပိုင်းကိုပါ အသင်းဆီ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီမာရီယာက တစ်ရာသီအကြာမှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ကာ ဒီပိုင်းကတော့ ဒီမာရီယာ အသင်းနဲ့ လမ်းခွဲသွားတဲ့ ၂၀၁၅-၂၀၁၆ရာသီမှာပဲ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပါတယ်။

Exit mobile version