လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဂျွန်ဘားနက်စ်က လီဗာပူးလ်အသင်းရဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပျက်နေခဲ့ပေမဲ့လည်း ကမ္ဘာ့ အကောင်းဆုံး ဗဟို ခံစစ်မှူး တစ်ဦး ဖြစ်နေပါသေးတယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဗဟို ခံစစ်မှူး ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ အပတ်က လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် (၁) မှာ ပေးဂိုး ဖြစ်စေမယ့် အမှားကို ပြုလုပ်သွားခဲ့တာ ဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းက လိဒ်အသင်းကို (၄-၃) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက အလွန် ခြေစွမ်းတည်ငြိမ်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိရာသီမှာ ရာသီအစ ပွဲစဉ်မှာ အမှား ပြုလုပ်ခဲ့တာနဲ့ ပက်သက်ပြီး “စိတ်ကြီးဝင်နေတယ်”လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ပီတာ ခရော့်ချ်က ပြင်းထန်စွာ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုအပတ်၊ လာမယ့် တနင်္ဂနွေနေ့ည၊ (၁၀) နာရီအချိန်မှာတော့ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဂျွန်ဘားနက်စ်ကတော့ ခံစစ်မှူး ဗန်ဒိုက်အနေနဲ့ ခြေစွမ်းပျက်လာတာ မှန်ပေမယ့်လည်း အကောင်းဆုံး ခံစစ်မှူး ဖြစ်နေသေးတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

BonusCodeBets သတင်းမှာ ဂျွန်ဘားနက်စ်က “ဒီဟာက ဗန်ဒိုက်ဆီကနေ မြင်ရတဲ့ ခြေစွမ်းပျက်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟာက လီဗာပူးလ်အသင်းမှာ သူ့ရဲ့ ပထမဆုံး ခြေစွမ်းပျက်မှု ဖြစ်ပါတယ်။ ဒီတော့ ဒီအကြောင်းကို ကျွန်တော် အများကြီး မပြောလိုပါဘူး။ ဟုတ်ပါတယ်။ ပေးဂိုး (၃) ဂိုးအထိ ခွင့်ပြုရတာက ကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဟာကလည်း ဖြစ်တတ်တဲ့ အရာပါပဲ။ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကြောင်းက လက်ကျန် ရာသီမှာ အားနည်းသွားမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွေမှာ အမြဲတမ်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ရလဒ်တွေ နဲ့ စွမ်းဆောင်ရည်တွေကို မြင်ရတတ်ပါတယ်။ ဒီတော့ ဒီအကြောင်းကို ကျွန်တော် ထဲထဲဝင်ဝင်ကို မပြောချင်ပါဘူး။ ဗန်ဒိုက်က ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်ဆဲပါ”လို့ ဆိုပါတယ်။