လီဗာပူးလ္ ကြင္းလယ္ကစားသမား ဖာဘင္ဟုိက သူ႔ရဲ႕အသင္းေဖာ္ ေနာက္ခံလူ ဗန္ဒုိက္အေနနဲ႔ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကုိ ရခဲ့သင့္တယ္လုိ႔ Sports Bible မွာ ေျပာသြားတာ ျဖစ္ပါတယ္။ လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒုိက္ဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္ သတ္မွတ္ခ်က္မွွာ မက္ဆီရဲ႕ ေနာက္၊ ေရာ္နယ္ဒုိရဲ႕ အထက္က အဆင့္ (၂) ေနရာမွာ ရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

လီဗာပူးလ္ ခံစစ္မွဴး ဗန္ဒုိက္ဟာ ၿပီးခဲ့တဲ့ ရာသီမွာ UEFA တစ္ႏွစ္တာ အေကာင္းဆုံး အမ်ဳိးသား ကစားသမားဆုကုိ ရရွိခဲ့သလုိ၊ လီဗာပူးလ္အသင္းနဲ႔လည္း ခ်န္ပီယံလိဂ္ ဆုဖလား ရရွိခဲ့ပါတယ္။ ဗဟုိခံစစ္မွဴး ဗန္ဒုိက္ဟာ လီဗာပူးလ္အသင္းရဲ႕ မာေက်ာလွတဲ့ ခံစစ္ ေက်ာက္ေဆာင္ ျဖစ္ေနၿပီး ကြင္းလယ္လူ ဖာဘင္ဟုိက ဗန္ဒုိက္ အေနနဲ႔ ဘလြန္းဒီေအာ္ဆု ရသင့္တယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ဖာဘင္ဟုိက “လူေတြက ခံစစ္မွဴးထက္စာရင္ တုိက္စစ္မွဴးကုိပဲ အျမဲတမ္း သတိပုိထားၾကတယ္။ ဒါေပမဲ့လည္း ဗန္ဒုိက္ တစ္ဦးခ်င္း လုပ္ေဆာင္ခဲ့တာရယ္ သူ ခ်န္ပီယံလိဂ္ ရရွိေအာင္ အသင္းကုိ ကူညီခဲ့တာရယ္ကုိ ေတြးၾကည့္လုိက္ရင္ သူ ဘလြန္းဒီေအာ္ဆုကုိ ရခဲ့သ့င့္ပါတယ္။ သူက မယုံႏုိင္စရာ ကစားသမားပါ။ ကမၻာ့ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးပါ”လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

လီဗာပူးလ္ ကြင္းလယ္လူ ဖာဘင္ဟုိဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၄) ပဲြ ကစားၿပီးရာမွာ သြင္းဂုိး (၁) ဂုိး၊ ဂုိးဖန္တီးမႈ (၁) ႀကိမ္ နဲ႔ အဝါကဒ္ (၅) ႀကိမ္ စသျဖင့္ ရရွိထားပါတယ္။ သူ႔ရဲ႕ လီဗာပူးလ္အသင္းကေတာ့ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၃) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ (၂၂) ပဲြ အႏုိင္ရထားၿပီး ရႈံးပဲြမရွိေသးဘဲ ရမွတ္ (၆၇) မွတ္နဲ႔ အဆင့္ (၁) ေနရာက ဦးေဆာင္ေနလ်က္ပါ။

(Unicode)

လီဗာပူးလ် ကွင်းလယ်ကစားသမား ဖာဘင်ဟိုက သူ့ရဲ့အသင်းဖော် နောက်ခံလူ ဗန်ဒိုက်အနေနဲ့ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို ရခဲ့သင့်တယ်လို့ Sports Bible မှာ ပြောသွားတာ ဖြစ်ပါတယ်။ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့် သတ်မှတ်ချက်မှာ မက်ဆီရဲ့ နောက်၊ ရော်နယ်ဒိုရဲ့ အထက်က အဆင့် (၂) နေရာမှာ ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ခံစစ်မှူး ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ရရှိခဲ့သလို၊ လီဗာပူးလ်အသင်းနဲ့လည်း ချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့ပါတယ်။ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းရဲ့ မာကျောလှတဲ့ ခံစစ် ကျောက်ဆောင် ဖြစ်နေပြီး ကွင်းလယ်လူ ဖာဘင်ဟိုက ဗန်ဒိုက် အနေနဲ့ ဘလွန်းဒီအော်ဆု ရသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဖာဘင်ဟိုက “လူတွေက ခံစစ်မှူးထက်စာရင် တိုက်စစ်မှူးကိုပဲ အမြဲတမ်း သတိပိုထားကြတယ်။ ဒါပေမဲ့လည်း ဗန်ဒိုက် တစ်ဦးချင်း လုပ်ဆောင်ခဲ့တာရယ် သူ ချန်ပီယံလိဂ် ရရှိအောင် အသင်းကို ကူညီခဲ့တာရယ်ကို တွေးကြည့်လိုက်ရင် သူ ဘလွန်းဒီအော်ဆုကို ရခဲ့သ့င့်ပါတယ်။ သူက မယုံနိုင်စရာ ကစားသမားပါ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟိုဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁) ဂိုး၊ ဂိုးဖန်တီးမှု (၁) ကြိမ် နဲ့ အဝါကဒ် (၅) ကြိမ် စသဖြင့် ရရှိထားပါတယ်။ သူ့ရဲ့ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၂၂) ပွဲ အနိုင်ရထားပြီး ရှုံးပွဲမရှိသေးဘဲ ရမှတ် (၆၇) မှတ်နဲ့ အဆင့် (၁) နေရာက ဦးဆောင်နေလျက်ပါ။