လီဗာပူးလ်အသင်း ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေအနေနဲ့ လီဗာပူးလ်အသင်းကို ပိုပြီး အနိုင်ရချင်လာမှာ ဖြစ်ပေမယ့် လိဂ်ဖလားကို ဆက်ထိန်သွားမယ်လို့ ပြောခဲ့ပြီး လက်ရှိရာသီကလို ခြေစွမ်းတည်ငြိမ်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ခြေစွမ်းတည်ငြိမ်နေခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလားကို လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ ကျန်ရှိနေတဲ့ အချိန်မှာ ရရှိနိုင်ခဲ့တဲ့ အတွက်ကြောင့် လိဂ်ဖလားကို အမြန်ဆုံး ရရှိတဲ့ အသင်း အဖြစ်လည်း သမိုင်းဝင်သွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိရာသီမှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ခဲ့ပြီး ဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယား လိဂ် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ကတော့ လာမယ့် ရာသီအသစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆက်ထိန်းသွားဖို့ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

BT Sport မှာ ဗန်ဒိုက်က “တစ်ဦးချင်း အောင်မြင်မှုက ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ကြီးမားတဲ့ အိပ်မက် ဖြစ်လာမှုပါပဲ။ ကျွန်တော်တို့ အားလုံး နဲ့ ဒီလှပတဲ့ အသင်းအတွက် ပြောင်မြောက်လှပါတယ်။ ဒီလိဂ်ဆုဖလားကို ဆက်ထိန်းဖို့ ပိုပြီး ကြိုးစားသွားကြပါမယ်။ ဒီဟာက ခက်ခဲမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ အသင်းတွေက တိုးတတ်မှု ပြုလုပ်ကြပါလိမ့်မယ်။ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို ပိုပြီးတော့ အနိုင်ရချင်လာပါလိမ့်မယ်။ ဒါပေမယ့် ဟုတ်ပြီ၊ ကျွန်တော်တို့ ပွဲတိုင်းမှာ ပိုအာရုံစိုက်သွားပါမယ်။ ဒီဟာက ကျွန်တော်တို့ ဒီရာသီမှာ လုပ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီရာသီလိုမျိုး ခြေစွမ်းတည်ငြိမ်ဖို့ မျှော်လင့်ပါတယ်။ ဒါက စိန်ခေါ်မှု အသစ်ပါ။ ဒါပေမယ့် အာရုံစိုက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။