လီဗာပူးလ်အသင်းရဲ့ နောက်တန်း ကျောက်ဆောင် ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို လက်ကျန် ပွဲစဉ် (၇) ပွဲအလိုမှာ ရရှိခဲ့တာကြောင့် အသာကြီးနဲ့ ရရှိခဲ့တာ ဖြစ်ပြီး လိဂ်ဖလားကို ရရှိဖို့လည်း ထိုက်တန်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ အချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိသွားပြီ ဖြစ်ပါတယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ လိဂ်ဖလားကို အမြန်ဆုံး ရရှိတဲ့ အသင်း အဖြစ် သမိုင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၇) ပွဲ ကစားဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ ဆုဖလားကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို အလျှင်မြန်ဆုံး ရရှိတဲ့ အသင်း အဖြစ် သမိုင်းဝင်သွားခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဘယ်အသင်းကမှ မလုပ်နိုင်တဲ့ စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲသာ ရှုံးခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ဆုဖလားကို နောက်ရာသီမှာ ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်လို့ SKy Sports သတင်းမှာ ကြုံးဝါးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

Sky Sports သတင်းမှာ ဗန်ဒိုက်စ်က “ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ အချိန်မှာ ဒါက အနည်းငယ် ပိုပြီး လွယ်ကူသွားပါတယ်။ အချို့ပွဲစဉ်တွေကို ပိုကောင်းအောင် ကစားခဲ့သင်ပေမယ့် ကျွန်တော်တို့ အာရုံမစိုက်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ပြောင်မြောက်လှတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး (၂) ပွဲသာ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိရာသီကို ဘယ်သူကမှ ဘာမှ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ရာသီမကုန်ခင် (၇) ပွဲအလိုမှာ ဆုဖလား ရရှိခဲ့ပြီး ဒါက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ လူတိုင်းက လူစားလဲမှု ပုံစံအသစ် နဲ့ ပွဲကစားစဉ်အတွင်း ရေသောက်အနားယူချိန်အကြောင်းကို ပြောနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအရာတွေအပေါ်မှာ အာရုံမစိုက်ပါဘူး။ ကျွန်တော်တို့က အသာကြီးနဲ့ ရရှိခဲ့ပါတယ်။ ဆုဖလားနဲ့ ထိုက်တန်ပြီး နောက်နှစ်မှာ ကျွန်တော်တို့ ဆုဖလားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားကြမှာ ဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။