လီဗာပူးလ်အသင်း ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ လှုမှုကွန်ရက် တွစ်တာမှာ အမေးအဖြေတွေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ အကြောင်းအရာ များစွာကို ပြောပြသွားခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ရင်ဆိုင်ဖို့ အခက်အခဲဆုံး တိုက်စစ်မှူး ဖြစ်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့ရပြီး ပထမ အကျော့ အဝေးကွင်း ပွဲစဉ်မှာ (၃-ဝ) နဲ့ အရေးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်မှာ (၄-ဝ) နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့် တက်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့စဉ်က ဘာစီလိုနာအသင်းအတွက် သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပေမဲ့ လီဗာပူးလ် အိမ်ကွင်းမှာတော့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က တိုက်စစ်မှူး မက်ဆီဟာ ရင်ဆိုင်ဖို့ အခက်အခဲဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့ အခိုင်အမာ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လူမှုကွန်ရက် တွစ်တာမှာ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ သူက “အခြားအသင်းတွေမှာ ရင်ဆိုင်ဖို့ ခက်ခဲတဲ့ တိုက်စစ်မှူးတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း မက်ဆီက ရင်ဆိုင်ဖို့ အခက်အခဲဆုံး ကစားသမားပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် သူ အကြိုက်ဆုံး အချိန်ကို ပြောပြသွားခဲ့တဲ့ အချိန်မှာ သူက “ကျွန်တော် ပြောပြစရာ အနည်းငယ် ရှိပါတယ်။ ပရော်ဖယ်ရှင်နယ် ဘောလုံးကစားသမား အဖြစ် ပွဲဦးထွက် ကစားခဲ့ရတဲ့ အချိန် နဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ အချိန် ဖြစ်ပါတယ်။ နောက်ပြီး ရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ အချိန်ပါ”လို့ ပြောသွားခဲ့ပါတယ်။