ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက မန်စီးတီးအသင်းဟာ တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူအဖြစ် သတ်မှတ်ခံရမယ့် နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ကို ခေါ်ယူဖို့အတွက် အကောင်းဆုံးသော အခွင့်အရေးကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းဘက်က ဗန်ဒိုက်ရဲ့ ခြေစွမ်းပိုင်းတွေပေါ်မှာ သံသယရှိနေလို့ ခေါ်ယူဖို့ ပယ်ချခဲ့တယ်လို့ ဗန်ဒိုက်ဆရာဟောင်းလည်းဖြစ် ဗန်ဒိုက်ရဲ့ အသင်းဟောင်းလည်းဖြစ်သော ဆဲလ်တစ်အသင်းရဲ့ နည်းပြဟောင်းလည်းဖြစ်တဲ့ ရွန်နီဒီလာက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Eurosport

ဆဲလ်တစ်နည်းပြဟောင်း ရွန်နီဒီလာက ၂၀၁၅ခုနှစ်မှာ ဆဲလ်တစ်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် သူနဲ့ ဆဲလ်တစ်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဗန်ဒိုက်ကို မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူဖို့အတွက် အကြံပေးခဲ့ဖူးပေမယ့် မန်စီးတီးဘက်က ဗန်ဒိုက်ရဲ့ ဥရောပပြိုင်ပွဲတွေအတွင်း ခြေစွမ်းခြေစ ပြသထားနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပြန်လည်တောင်းဆိုရာမှာ ဒီလာဘက်ကနေ ဘာမှမပို့ပေးနိုင်ခဲ့တာကြောင့် ဗန်ဒိုက်ကို ခေါ်ယူဖို့က အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး “မန်စီးတီးအသင်းနဲ့ ဆက်သွယ်ခဲ့သလားဆိုရင်တော့ ကျွန်တော်ဆက်သွယ်မိခဲ့ပါတယ်ဗျ”

Photo Credit : Liverpool Latest News

“ကျွန်တော်က ဗန်ဒိုက်ကို ခေါ်ယူဖို့အတွက် သူတို့ကို အကြံပြုခဲ့မိတာ။ သူတို့ကပြန်ပြောတယ်။ ဟုတ်ပြီ ဒါဆိုရင် သူကစားခဲ့တဲ့ ဥရောပပွဲစဉ်တွေထဲက သူအကောင်းဆုံးကစားနိုင်တဲ့ ပွဲမှတ်တမ်း သူတို့ဆီပြသ သူတို့လေ့လာမယ်ပေါ့။ ဒါပေမယ့် ခက်တာက ကျွန်တော်သူတို့ကို အဲ့ဒီလိုပြသနိုင်ဖို့အတွက် ကျွန်တော်ဆီမှာ ဗန်ဒိုက်ရဲ့ မှတ်တမ်းကောင်းကောင်းတွေမှာ ရှိမနေပါဘူး။ ဗန်ဒိုက်က စကော့တလန်လိဂ်မှာတော့ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်မှာတော့ အနီကတ်ပြ ုထုတ်ပယ်ခံခဲ့ရပါတယ်။ တကယ်လို့သာ သူအဲ့ဒီပွဲစဉ်မှာ ဒီထက်ပိုကောင်းအောင် ကစားထားနိုင်ခဲ့ရင် သေချာတယ် မန်စီးတီးက သူ့ကို ခေါ်ယူမှာပါ။ အသင်းကြီးတွေက စကော့တလန် ဘောလုံးအသင်းတွေကို အရမ်းအထင်သေးကြတော့ အဲ့ဒီအသင်းတွေက ကစားသမားတွေကို ငွေကြေးပေါင်းများစွာနဲ့ ခေါ်ယူဖို့ဆိုရင် လက်တွန့်တတ်ကြပါတယ်။ ဗန်ဒိုက်က တကယ်ကောင်းတဲ့ ကစားသမားပါ။ အဲ့ဒီပွဲမှာပဲ သူကစားတာက လိုအပ်ချက်ရှိခဲ့တယ်။ နောက်ပိုင်းပွဲတွေမှာ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်” လို့ ရှင်းပြသွားခဲ့ပါတယ်။