လီဗာပူးလ္ ကြင္းလယ္ ကစားသမားေဟာင္း ဒန္နီ မာဖီက သူ ေတြ႔ခဲ့ဖူးသမွ် ဗဟုိခံစစ္မွဴးေတြထဲမွာ လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒုိက္က အေကာင္းဆုံး ဗဟုိခံစစ္မွဴး ျဖစ္တယ္လုိ႔ ေျပာသြားပါတယ္။ ဗဟုိခံစစ္မွဴး ဗန္ဒုိက္ဟာ (၂၀၁၈) ခုႏွစ္က အခုလုိ ဇန္နဝါရီလ အေျပာင္းအေရြ႕ ေစ်းကြက္မွာပဲ ေဆာက္သမ္တန္အသင္းကေန လီဗာပူးလ္အသင္းကုိ ေပါင္ (၇၅) သန္းနဲ႔ ေျပာင္းလာခဲ့ပါတယ္။

Photo Credit: Goal

ဗန္ဒုိက္ဟာ လီဗာပူးလ္အသင္းကို ေရာက္လာတဲ့ အခ်ိန္ကစၿပီး နည္းျပ ကေလာ့ပ္ရဲ႕ ပဲြဦးထြက္ ကစားသမား (၁၁) ဦးစာရင္းထဲမွာ အျမဲလုိလုိ ပါဝင္ခဲ့ၿပီး အဓိက ကစားသမား ျဖစ္လာခဲ့ပါတယ္။ နယ္သာလန္ ဗဟုိခံစစ္မွဴး ဗန္ဒုိက္ဟာ (၂၀၁၉) ခုႏွစ္မွာ လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလား၊ ယူအီအက္ဖ္ေအ စူပါဖလား နဲ႔ ကလပ္ ကမၻာ့ဖလားတုိ႔ကုိ (၁) ႏွစ္အတြင္း (၃) ခု ရရွိခဲ့ပါတယ္။

Photo Credit: Goal

လက္ရွိရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ လီဗာပူးလ္အသင္း ရႈံးပဲြ မရွိေသးတာကလည္း ဗဟုိခံစစ္မွဴး ဗန္ဒုိက္ရဲ႕ စြမ္းေဆာင္ရည္ အမ်ားႀကီး ပါဝင္ၿပီး လိဂ္ေပးဂုိးေပါင္း (၁၄) ဂုိးသာ ရွိတာ ျဖစ္ပါတယ္။ ေနာက္ခံလူ ဗန္ဒုိက္ဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ (၂) ေနရာကို ရရွိခဲ့ၿပီး ဒန္နီ မာဖီကေတာ့ ဗန္ဒုိက္ကုိ အေကာင္းဆုံး ခံစစ္မွဴးလုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။

Photo Credit: Goal

ဒန္နီ မာဖီက “ဗန္ဒုိက္က ကြ်န္ေတာ္ ေတြ႔ခဲ့ဖူးသမွ်ထဲမွာ အေကာင္းဆုံး ဗဟုိခံစစ္မွဴးပါပဲ။ သူက တည္ျငိမ္တယ္၊ ယုံၾကည္စိတ္ခ်ရတယ္၊ အဖဲြ႔ တစ္ခုလုံးက အားကုိးရမယ့္ လူမ်ဳိးပါပဲ။ တကယ္လုိ႔ ကြန္ျပူတာနဲ႔ ၿပီးျပည့္စုံတဲ့ ေနာက္ခံ ကစားသမားကုိ ပုံတူ ဖန္တီးခ်င္တယ္ဆုိရင္ေတာ့ ဗန္ဒုိက္ကုိ အသုံးျပဳရမွာပါ။ ဘယ္သူကမွ သူ႔ကို ေက်ာ္ေျပးၿပီး အႏုိင္မယူႏုိင္ပါဘူး”လုိ႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း ဒန်နီ မာဖီက သူ တွေ့ခဲ့ဖူးသမျှ ဗဟိုခံစစ်မှူးတွေထဲမှာ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ (၂၀၁၈) ခုနှစ်က အခုလို ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာပဲ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၇၅) သန်းနဲ့ ပြောင်းလာခဲ့ပါတယ်။

Photo Credit: Goal

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ရောက်လာတဲ့ အချိန်ကစပြီး နည်းပြ ကလော့ပ်ရဲ့ ပွဲဦးထွက် ကစားသမား (၁၁) ဦးစာရင်းထဲမှာ အမြဲလိုလို ပါဝင်ခဲ့ပြီး အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ နယ်သာလန် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဖလား၊ ယူအီအက်ဖ်အေ စူပါဖလား နဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို (၁) နှစ်အတွင်း (၃) ခု ရရှိခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်း ရှုံးပွဲ မရှိသေးတာကလည်း ဗဟိုခံစစ်မှူး ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည် အများကြီး ပါဝင်ပြီး လိဂ်ပေးဂိုးပေါင်း (၁၄) ဂိုးသာ ရှိတာ ဖြစ်ပါတယ်။ နောက်ခံလူ ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာ အဆင့် (၂) နေရာကို ရရှိခဲ့ပြီး ဒန်နီ မာဖီကတော့ ဗန်ဒိုက်ကို အကောင်းဆုံး ခံစစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

ဒန်နီ မာဖီက “ဗန်ဒိုက်က ကျွန်တော် တွေ့ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဗဟိုခံစစ်မှူးပါပဲ။ သူက တည်ငြိမ်တယ်၊ ယုံကြည်စိတ်ချရတယ်၊ အဖွဲ့ တစ်ခုလုံးက အားကိုးရမယ့် လူမျိုးပါပဲ။ တကယ်လို့ ကွန်ပြူတာနဲ့ ပြီးပြည့်စုံတဲ့ နောက်ခံ ကစားသမားကို ပုံတူ ဖန်တီးချင်တယ်ဆိုရင်တော့ ဗန်ဒိုက်ကို အသုံးပြုရမှာပါ။ ဘယ်သူကမှ သူ့ကို ကျော်ပြေးပြီး အနိုင်မယူနိုင်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။