လီဗာပူးလ္ ဗဟုိခံစစ္မွဴး ဗန္ဒုိက္ဟာ (၂၀၁၉) ဘလြန္းဒီေအာ္ဆုကုိ ရရွဖုိ႔ ေရပန္းစားေနခဲ့ေပမဲ့လည္း ဘာစီလုိနာ တုိက္စစ္မွဴး မက္ဆီက ဘလြန္းဒီေအာ္ဆုကုိ (၆) ႀကိမ္ေျမာက္ ရရွိသြားတာ ျဖစ္ပါတယ္။ အာဂ်င္တီးနား တုိက္စစ္မွဴး မက္ဆီဟာ ၿပီးခဲ့တဲ့ ရာသီမွာ ဘာစီလုိနာအသင္းအတြက္ ကလပ္ ပြဲစဥ္ (၄၄) ပဲြ ကစားခဲ့ရာမွာ (၄၁) ဂုိး သြင္းခဲ့ၿပီး လာလီဂါ ဆုဖလားကုိလည္း ထုိက္တန္စြာ ရရွိခဲ့ပါတယ္။

Photo Credit: Dailymail.com

မက္ဆီ နဲ႔ ဘာစီလုိနာအသင္းက ၿပီးခဲ့တဲ့ ရာသီမွာ ေနာက္ခံလူ ဗန္ဒုိက္ရဲ႕ လီဗာပူးလ္အသင္းေၾကာင့္ ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ကေန ထြက္ခြာခဲ့ရေပမဲ့လည္း ျပည္တြင္းၿပိဳင္ပဲြမွာ ေအာင္ျမင္မႈရခဲ့ပါတယ္။ တစ္ဖက္က လီဗာပူးလ္ ေနာက္ခံလူ ဗန္ဒုိက္ဟာ ၿပီးခဲ့တဲ့ ရာသီမွာ လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဆုဖလားကုိ ရခဲ့ၿပီး လက္ေရြးစင္ နယ္သာလန္အသင္းနဲ႔ Nation League ဗုိလ္လုပဲြ ေရာက္ခဲ့ပါတယ္။

Photo Credit: Dailymail.com

ဗန္ဒိုက္ကေတာ့ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကုိ မရခဲ့ေပမဲ့လည္း ဂ်ဳဗင္တပ္အသင္း တုိက္စစ္မွဴး ခရစ္စတီယာႏုိ ေရာ္နယ္ဒုိကုိ ေက်ာ္ၿပီး မက္ဆီရဲ႕ ေနာက္၊ ဒုတိယ ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ ဗန္ဒုိက္ဟာ ဘလြန္းဒီေအာ္ဆု ၿပိဳင္ပဲြမွာ ဘာစီလုိနာ တုိက္စစ္မွဴး မက္ဆီကို အေရးနိမ့္ခဲ့ေပမဲ့လည္း သူက တုိက္စစ္မွဴး မက္ဆီကုိ ေလးစားေၾကာင္း၊ သဘာဝလြန္ လူသားျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Photo Credit: Dailymail.com

ဗန္ဒုိက္က “ဘလြန္းဒီေအာ္ ဆုေပးပဲြက အံ့ၾသစရာပါပဲ။ ကံမေကာင္းစြာနဲ႔ပဲ မက္ဆီလုိ ကစားသမား ရွိေနပါတယ္။ ကြန္ေတာ္ေတာ့ သူ႔ကုိ သဘာဝလြန္ လူသားလုိ႔ ထင္ပါတယ္။ သူက (၆) ႀကိမ္ေျမာက္ ဘလြန္းဒီေအာ္ဆုရွင္ ျဖစ္လုိ႔ သူ႔ကုိ ေလးစားဖို႔ လုိအပ္ပါတယ္။ ကြ်န္ေတာ္ ဘလြန္းဒီေအာ္ဆုကု ရဖုိ႔ နီးစပ္ခဲ့ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ့္ထက္ အနည္းငယ္ ပုိေကာင္းတဲ့ သူ ရွိပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

[Unicode]

လီဗာပူးလ် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ (၂၀၁၉) ဘလွန်းဒီအော်ဆုကို ရရှဖို့ ရေပန်းစားနေခဲ့ပေမဲ့လည်း ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဘလွန်းဒီအော်ဆုကို (၆) ကြိမ်မြောက် ရရှိသွားတာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအသင်းအတွက် ကလပ် ပွဲစဉ် (၄၄) ပွဲ ကစားခဲ့ရာမှာ (၄၁) ဂိုး သွင်းခဲ့ပြီး လာလီဂါ ဆုဖလားကိုလည်း ထိုက်တန်စွာ ရရှိခဲ့ပါတယ်။

မက်ဆီ နဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ရာသီမှာ နောက်ခံလူ ဗန်ဒိုက်ရဲ့ လီဗာပူးလ်အသင်းကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပေမဲ့လည်း ပြည်တွင်းပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့ပါတယ်။ တစ်ဖက်က လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရခဲ့ပြီး လက်ရွေးစင် နယ်သာလန်အသင်းနဲ့ Nation League ဗိုလ်လုပွဲ ရောက်ခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို မရခဲ့ပေမဲ့လည်း ဂျုဗင်တပ်အသင်း တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုကို ကျော်ပြီး မက်ဆီရဲ့ နောက်၊ ဒုတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဘလွန်းဒီအော်ဆု ပြိုင်ပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို အရေးနိမ့်ခဲ့ပေမဲ့လည်း သူက တိုက်စစ်မှူး မက်ဆီကို လေးစားကြောင်း၊ သဘာဝလွန် လူသားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဗန်ဒိုက်က “ဘလွန်းဒီအော် ဆုပေးပွဲက အံ့သြစရာပါပဲ။ ကံမကောင်းစွာနဲ့ပဲ မက်ဆီလို ကစားသမား ရှိနေပါတယ်။ ကွန်တော်တော့ သူ့ကို သဘာဝလွန် လူသားလို့ ထင်ပါတယ်။ သူက (၆) ကြိမ်မြောက် ဘလွန်းဒီအော်ဆုရှင် ဖြစ်လို့ သူ့ကို လေးစားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဘလွန်းဒီအော်ဆုကု ရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ထက် အနည်းငယ် ပိုကောင်းတဲ့ သူ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။