လီဗာပူးလ္ ေနာက္ခံ ကစားသမားေဟာင္း ဆာမီ ဟစ္ပီယာကေတာ့ လက္ရွိ လီဗာပူးလ္ ခံစစ္မႉး ဗန္ဒိုက္ဟာ ကမာၻ႔ အေကာင္းဆုံး ဗဟိုခံစစ္မႉး ျဖစ္ၿပီး ဗန္ဒိုက္မွာ အားနည္းခ်က္ မရွိပါဘူးလို႔ အခိုင္အမာ ေျပာသြားလိုက္ပါတယ္။ လီဗာပူးလ္အသင္းဟာ နယ္သာလန္ လက္ေ႐ြးစင္ ခံစစ္မႉး ဗန္ဒိုက္ကို (၂၀၁၈) ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ေပါင္ (၇၅) သန္းနဲ႔ ေခၚယူခဲ့ၿပီး အဲဒီအခ်ိန္က ကမာၻ႔ ေဈးအႀကီးဆုံး ေနာက္ခံ ကစားသမား အျဖစ္ မွတ္တမ္း ဝင္သြားခဲ့ပါတယ္။

Photo Credit: Goal

ဗဟိုခံစစ္မႉး ဗန္ဒိုက္ဟာ လီဗာပူးလ္အသင္းကို ေဈးႀကီးႀကီးနဲ႔ ေရာက္ရွိလာခဲ့တာေၾကာင့္ သူ႔ရဲ႕ ေဈးႏႈန္းနဲ႔ ညီမွ်တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ပါ့မလားလို႔ မယုံသကၤာ ျဖစ္ေနခဲ့ၾကေပမဲ့ သူက သူ႔ရဲ႕ ေဈးႏႈန္းနဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပသြားခဲ့ပါတယ္။ ဗန္ဒိုက္ဟာ (၂၀၁၉) ခုႏွစ္က ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာ ေရာ္နယ္ဒိုရဲ႕ အထက္ အဆင့္ (၂) ေနရာ ရရွိခဲ့ၿပီး လီဗာပူးလ္ ခံစစ္မွဴးေဟာင္း ဟစ္ပီယာက ဗန္ဒိုက္မွာ အားနည္းခ်က္ မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

beIN Sports မွာ ဆာမီ ဟစ္ပီယာက “ဗန္ဒိုက္က ကမာၻ႔ အေကာင္းဆုံး ဗဟိုခံစစ္မႉး ျဖစ္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူ႔မွာ အားနည္းခ်က္ မရွိပါဘူး။ အမွန္တရား တစ္ခုက သူ လီဗာပူးလ္ အသင္းကို စေရာက္လာတဲ့ အခ်ိန္မွာ အသင္းမွာ ေခါင္းေဆာင္မႈ အနည္းငယ္ ေပ်ာက္ေနခဲ့တယ္။ ဂ်ိမ္း မီနာ နဲ႔ ဟန္ဒါဆန္တုိ႔ကုိ ေတာင္းဆိုမႈ အလြန္မ်ားလို႔ ျဖစ္ႏိုင္တယ္။ ဗန္ဒိုက္ ေရာက္လာေတာ့ သူတို႔ႏွစ္ဦးရဲ႕ တာဝန္ကို ကူထမ္းေပးၿပီး ေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္”လို႔ ေျပာသြားပါတယ္။

{Unicode}

လီဗာပူးလ် နောက်ခံ ကစားသမားဟောင်း ဆာမီ ဟစ်ပီယာကတော့ လက်ရှိ လီဗာပူးလ် ခံစစ်မှူး ဗန်ဒိုက်ဟာ ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်ပြီး ဗန်ဒိုက်မှာ အားနည်းချက် မရှိပါဘူးလို့ အခိုင်အမာ ပြောသွားလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဗန်ဒိုက်ကို (၂၀၁၈) ခုနှစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ပေါင် (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး အဲဒီအချိန်က ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

Photo Credit: Goal

ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ဈေးကြီးကြီးနဲ့ ရောက်ရှိလာခဲ့တာကြောင့် သူ့ရဲ့ ဈေးနှုန်းနဲ့ ညီမျှတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ပါ့မလားလို့ မယုံသင်္ကာ ဖြစ်နေခဲ့ကြပေမဲ့ သူက သူ့ရဲ့ ဈေးနှုန်းနဲ့ ထိုက်တန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ (၂၀၁၉) ခုနှစ်က ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာ ရော်နယ်ဒိုရဲ့ အထက် အဆင့် (၂) နေရာ ရရှိခဲ့ပြီး လီဗာပူးလ် ခံစစ်မှူးဟောင်း ဟစ်ပီယာက ဗန်ဒိုက်မှာ အားနည်းချက် မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

beIN Sports မှာ ဆာမီ ဟစ်ပီယာက “ဗန်ဒိုက်က ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ အားနည်းချက် မရှိပါဘူး။ အမှန်တရား တစ်ခုက သူ လီဗာပူးလ် အသင်းကို စရောက်လာတဲ့ အချိန်မှာ အသင်းမှာ ခေါင်းဆောင်မှု အနည်းငယ် ပျောက်နေခဲ့တယ်။ ဂျိမ်း မီနာ နဲ့ ဟန်ဒါဆန်တို့ကို တောင်းဆိုမှု အလွန်များလို့ ဖြစ်နိုင်တယ်။ ဗန်ဒိုက် ရောက်လာတော့ သူတို့နှစ်ဦးရဲ့ တာဝန်ကို ကူထမ်းပေးပြီး ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်”လို့ ပြောသွားပါတယ်။