ဒီညမွာေတာ့ ေဘာလုံးခ်စ္သူေတြ ေစာင့္ဆုိင္းေနရတဲ႔ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုေပးပြဲႀကီးျဖစ္တဲ႔ Ballon d’Or ဆုေပးပြဲႀကီးကုိ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ က်င္းပသြားေတာ့မွာပဲျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္အတြင္း ကလပ္အသင္းအတြက္ေရာ ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ကုိပါ ေျခစြမ္းျပကစားေပးႏုိင္ခဲ႔ၾကတဲ႔ ကစားသမားေတြထဲကမွ အေကာင္းဆုံးေသာ ကစားသမားတစ္ေယာက္ကုိ ေရြးခ်ယ္ၿပီး အေကာင္းဆုံးဆုကုိ နွစ္စဥ္ႏွစ္တုိင္းေပးအပ္တဲ႔ ေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ဆုႀကီးတစ္ခုျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဒီဆုအတြက္ လီယြန္နယ္မက္ဆီ ခရစၥတီယာႏုိေရာ္နယ္ဒုိနဲ႔ ဗာဂ်ယ္ဗန္ဒုိက္တုိ႔ကေန ေရပန္းစားေနၾကတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီႏွစ္ ၂၀၁၉ခုႏွစ္အတြက္ Ballon d’Or ဆုအတြက္ ေရပန္းအစားဆုံး ကစားသမားေတြထဲမွာ ဘာစီလုိနာတုိက္စစ္မွဴး လီယြန္နယ္မက္ဆီကပဲ ဒီဆုကုိ ၆ႀကိမ္ေျမာက္အျဖစ္ ပုိင္ဆုိင္သြားလိမ့္မယ္လုိ႔ သတင္းေတြ ေပၚထြက္လာခဲ႔တဲ႔အျပင္ မက္ဆီရဲ႕မဟာၿပိဳင္ဘက္ ေရာ္နယ္ဒုိကေတာ့ Top 3 အတြင္းမွာေတာင္ မပါဝင္လာႏုိင္ေတာ့ပဲ အဆင့္၄ေနရာအထိေတာင္ ေရာက္ရွိေနရတယ္လုိ႔ သတင္းေပါက္ၾကားမႈေတြလည္း ျဖစ္ေပၚခဲ႔တာေၾကာင့္ ဒီကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ဒီကစားသမား၃ေယာက္ရဲ႕ပရိသတ္ေတြၾကားမွာ ျငင္းခုန္မႈေတြ ျဖစ္ေပၚခဲ႔ရပါတယ္။ ဒီသတင္းေတြနဲ႔ မေရွးမေႏွာင္းမွာပဲ Ballon d’Or ဆုကုိ မက္ဆီနဲ႔ အႀကိမ္ေရအတူတူ ပုိင္ဆုိင္ထားခဲ႔တဲ႔ ေရာ္နယ္ဒုိက ဆုေပးပြဲကုိ တတ္ေရာက္ျဖစ္မွာမဟုတ္ဘူးလုိ႔ သတင္းေတြ ထြက္လာခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၃၄ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ေရာ္နယ္ဒုိကေတာ့ အရင္ကတည္းက ဆုေပးပြဲေတာ္ေတာ္မ်ားမ်ားမွာ တတ္ေရာက္ျခင္းမရွိတာကုိ ေဘာလုံးပရိသတ္ေတြလည္း သတိထားမိၾကမွာျဖစ္ၿပီး ၿပီးခဲ႔တဲ႔ ဖီဖာရဲ႕အေကာင္းဆုံးကစားသမားဆုေပးပြဲကုိလည္း တတ္ေရာက္ျခင္းမရွိခဲ႔ပါဘူး။ ဒါေပမယ့္ ေရာ္နယ္ဒုိ မက္ဆီတုိနဲ႔အတူ ဒီႏွစ္ရဲ႕ Ballon d’Or ဆုအတြက္ အၿပိဳင္ေရပန္းစားလုိ႔ေနတဲ႔ လီဗာပူးလ္အသင္းရဲ႕နယ္သာလန္ေနာက္ခံကစားသမားဗန္ဒုိက္က သူအေနနဲ႔ကေတာ့ ဒီဆုေပးပြဲကုိ တတ္ေရာက္မွာျဖစ္ၿပီး ဆုေပးပြဲကုိ သူ႔လုိပဲ တတ္ေရာက္လာတဲ႔ ကစားသမားေတြအားလုံးက အရွုံးသမားတစ္ေယာက္မွမရွိဘူးလုိ႔လည္း ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ဗန္ဒုိက္က “ကြ်န္ေတာ္က ဒီေန႔ညေန က်င္းပမယ့္ပြဲကုိ တတ္ေရာက္လာမယ့္လူေတြထဲမွာ အရွုံးသမားေတြ မပါဝင္ဘူးလုိ႔ပဲ ထင္ပါတယ္။ ဒီလုိဆုေပးပြဲကုိ တတ္ေရာက္ရတာကုိလည္း ဂုဏ္ယူမိတယ္။ မႏွစ္က ကလပ္အသင္းအတြက္ေရာ ႏုိင္ငံအသင္းအတြက္ကုိပါ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ခဲ႔တာကုိလည္း အားရေက်နပ္မိတယ္။ ဘာလို႔ဂုဏ္ယူမိတာလဲဆုိတာက ဒီပြဲကုိ ေဘာလုံးသမားတုိင္း တတ္ေရာက္ခြင့္ရတာမဟုတ္လုိ႔ပါပဲ။ ဒါေၾကာင့္ ဒီဆုေပးပြဲကုိ တတ္ေရာက္မယ့္ ကစားသမားတုိင္းက အရွုံးသမားေတြမဟုတ္ဘူးလုိ႔ ေျပာတာပါ။ ဘာေတြျဖစ္လာမလဲဆုိတာ ေစာင့္ၾကည့္ရပါလိမ့္မယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

Ballon d’Or ဆုပေးပွဲကို တတ်ရောက်ရတဲ့ အကြောင်းကို ဗန်ဒိုက်ရှင်းလင်းပြောဆို

ဒီညမှာတော့ ဘောလုံးချစ်သူတွေ စောင့်ဆိုင်းနေရတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကြီးဖြစ်တဲ့ Ballon d’Or ဆုပေးပွဲကြီးကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်အတွင်း ကလပ်အသင်းအတွက်ရော နိုင်ငံလက်ရွေးစင်အသင်းအတွက်ကိုပါ ခြေစွမ်းပြကစားပေးနိုင်ခဲ့ကြတဲ့ ကစားသမားတွေထဲကမှ အကောင်းဆုံးသော ကစားသမားတစ်ယောက်ကို ရွေးချယ်ပြီး အကောင်းဆုံးဆုကို နှစ်စဉ်နှစ်တိုင်းပေးအပ်တဲ့ ဘောလုံးလောကရဲ့နာမည်ကျော်ဆုကြီးတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဆုအတွက် လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဗာဂျယ်ဗန်ဒိုက်တို့ကနေ ရေပန်းစားနေကြတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီနှစ် ၂၀၁၉ခုနှစ်အတွက် Ballon d’Or ဆုအတွက် ရေပန်းအစားဆုံး ကစားသမားတွေထဲမှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကပဲ ဒီဆုကို ၆ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်သွားလိမ့်မယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့တဲ့အပြင် မက်ဆီရဲ့မဟာပြိုင်ဘက် ရော်နယ်ဒိုကတော့ Top 3 အတွင်းမှာတောင် မပါဝင်လာနိုင်တော့ပဲ အဆင့်၄နေရာအထိတောင် ရောက်ရှိနေရတယ်လို့ သတင်းပေါက်ကြားမှုတွေလည်း ဖြစ်ပေါ်ခဲ့တာကြောင့် ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဒီကစားသမား၃ယောက်ရဲ့ပရိသတ်တွေကြားမှာ ငြင်းခုန်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီသတင်းတွေနဲ့ မရှေးမနှောင်းမှာပဲ Ballon d’Or ဆုကို မက်ဆီနဲ့ အကြိမ်ရေအတူတူ ပိုင်ဆိုင်ထားခဲ့တဲ့ ရော်နယ်ဒိုက ဆုပေးပွဲကို တတ်ရောက်ဖြစ်မှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကတော့ အရင်ကတည်းက ဆုပေးပွဲတော်တော်များများမှာ တတ်ရောက်ခြင်းမရှိတာကို ဘောလုံးပရိသတ်တွေလည်း သတိထားမိကြမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုပေးပွဲကိုလည်း တတ်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ရော်နယ်ဒို မက်ဆီတိုနဲ့အတူ ဒီနှစ်ရဲ့ Ballon d’Or ဆုအတွက် အပြိုင်ရေပန်းစားလို့နေတဲ့ လီဗာပူးလ်အသင်းရဲ့နယ်သာလန်နောက်ခံကစားသမားဗန်ဒိုက်က သူအနေနဲ့ကတော့ ဒီဆုပေးပွဲကို တတ်ရောက်မှာဖြစ်ပြီး ဆုပေးပွဲကို သူ့လိုပဲ တတ်ရောက်လာတဲ့ ကစားသမားတွေအားလုံးက အရှုံးသမားတစ်ယောက်မှမရှိဘူးလို့လည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်က “ကျွန်တော်က ဒီနေ့ညနေ ကျင်းပမယ့်ပွဲကို တတ်ရောက်လာမယ့်လူတွေထဲမှာ အရှုံးသမားတွေ မပါဝင်ဘူးလို့ပဲ ထင်ပါတယ်။ ဒီလိုဆုပေးပွဲကို တတ်ရောက်ရတာကိုလည်း ဂုဏ်ယူမိတယ်။ မနှစ်က ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ကိုပါ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကိုလည်း အားရကျေနပ်မိတယ်။ ဘာလို့ဂုဏ်ယူမိတာလဲဆိုတာက ဒီပွဲကို ဘောလုံးသမားတိုင်း တတ်ရောက်ခွင့်ရတာမဟုတ်လို့ပါပဲ။ ဒါကြောင့် ဒီဆုပေးပွဲကို တတ်ရောက်မယ့် ကစားသမားတိုင်းက အရှုံးသမားတွေမဟုတ်ဘူးလို့ ပြောတာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။