လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ခံစစ်ကစားသမား ဗာဂျီးလ် ဗန်ဒိုက်ဟာ ဒီကနေ့မှာပဲ ကလပ်အသင်းနဲ့ (၂)နှစ်စာချုပ်သစ် တိုးမြှင့် ချုပ်ဆိုလိုက်ပြီးနောက် တစ်ပတ်လုပ်ခအဖြစ် ပေါင်(၄၀၀၀၀၀)နီးပါး ရရှိမှာဖြစ်ပါတယ်။
ဒီခံစစ်ကစားသမားဟာ ဒီနွေရာသီအပြီး အန်ဖီးလ်မှာ ဆက်ရှိနေမလားဆိုတဲ့ ကာလရှည် ဆွေးနွေးမှုတွေအပြီးမှာပဲ အဆုံးသတ်စေခဲ့ပြီး အသက်(၃၃)နှစ်အရွယ် ဗန်ဒိုက်ဟာ ဇွန်လ ၂၀၂၇ အထိ အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
Photo Credit : Liverpool FC
နယ်သာလန် ခံစစ်ကစားသမားဟာ စာချုပ်သစ်ကုန်ဆုံးချိန်မှာ ရက်ပိုင်းအကြာမှာပဲ အသက်(၃၆)နှစ်ပြည့်မှာဖြစ်ပေမယ့် လီဗာပူးလ်က သူ့ကို ဆက်ထိန်းထားဖို့ ရက်ရောတဲ့ လစာကို ပေးခဲ့ပါတယ်။ Mail Sport ရဲ့ ဖော်ပြချက်အရ ဗန်ဒိုက်ဟာ လစာမလျှော့ခဲ့ဘဲ တစ်ပတ်လျှင် ပေါင်(၄၀၀၀၀၀)နီးပါး ရရှိမှာဖြစ်ပါတယ်။
ဒီပမာဏဟာ လီဗာပူးလ်ရဲ့ အဓိကကစားသမား မိုဟာမက် ဆာလာရဲ့ တစ်ပတ် ပေါင်(၃၈၀၀၀၀)တန် စာချုပ်နဲ့ ဆင်တူပါတယ်။ ဆာလာက ပြီးခဲ့တဲ့အပတ်မှာ ဒီစာချုပ်ကို ချုပ်ဆိုခဲ့တာပါ။ ဗန်ဒိုက်ရဲ့ စာချုပ်ဟာ သူ့ကို ဥရောပမှာ လစာအများဆုံး ခံစစ်ကစားသမားဖြစ်စေခဲ့ပြီး စာချုပ်ထဲမှာ ထွက်ခွာခွင့်ပြုတဲ့ အချက်လည်း မပါဝင်ပါဘူး။
Photo Credit : Liverpool FC
အသက်(၃၄)နှစ်ပြည့်ဖို့ (၂)လသာ ကျန်ရှိနေတော့တဲ့ ကစားသမားတစ်ဦးကို ဒီလောက် ရက်ရောတဲ့ စာချုပ်ပေးတာကို ပရိသတ်တချို့က စွန့်စားမှုလို့ မြင်ကောင်းမြင်နိုင်ပေမယ့် ဗန်ဒိုက်ဟာ ၂၀၁၈ မှာ ဆောက်သမ်တန်ကနေ ပေါင်(၇၅)သန်းနဲ့ ရောက်လာပြီးကတည်းက လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။
ဗန်ဒိုက်ဟာ အသင်းကို ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားဆှ နီးကပ်အောင် ဦးဆောင်နေပြီး လီဗာပူးလ်နဲ့အတူ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် နဲ့ အက်ဖ်အေဖလားတို့ကိုလည်း ရရှိထားပါတယ်။ လီဗာပူးလ်က ဗန်ဒိုက်ရဲ့ စာချုပ်သက်တမ်းတိုးမှုကို ကြာသပတေးနေ့ မနက်မှာ ကြေညာခဲ့ပြီး အသင်းရဲ့ X မှာ သင်းခေါင်းဆောင် ဆက်ရှိနေမယ်ဆိုတဲ့ စာသားနဲ့အတူ ဗန်ဒိုက်ရဲ့ ပုံကို အမြဲတမ်း လီဗာပူးလ်ပါဆိုတဲ့ စာတန်းနဲ့ တင်ခဲ့ပါတယ်။