တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာ ပြသာနာကြောင့် လအတန်ကြာထိ အနားယူသွားရနိုင်တယ်လို့ သိရှိရပါတယ်။

ဗဟို ခံစစ်ကစားသမား ဗန်ဒီဗန်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကို လာမယ့် (၂၄)နာရီအတွင်းမှာပဲ စစ်ဆေးမှုတွေ ခံယူသွားရတော့မှာဖြစ်ပြီး ဒဏ်ရာ အခြေအနေက ပြင်းထန်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

goalg0ys. 36k ⚽🏳️‍🌈 on X: "Micky van de Ven & Cristian Romero  (Tottenham Hotspur FC, 2023).❤️‍🔥 https://t.co/9MGLabOe6d" / X

Photo Credit : Twitter X

အသက် (၂၂)နှစ်အရွယ် နယ်သာလန် ခံစစ်ကစားသမား ဗန်ဒီဗန်ဟာ ဒီနှစ် နွေဈေးကွက်ကမှ ဘွန်ဒက်စ်လီဂါကလပ် ဝုလ်ဖ်ဘတ်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စပါး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်ပါတယ်။

ဗန်ဒီဗန်က စပါးအသင်းရဲ့ ခံစစ်ပိုင်းမှာ ခရစ္စတီယန် ရိုမဲရိုးနဲ့ တွဲဖက်ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြထားနိုင်သလို ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက်ထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Spurs hit by DOUBLE injury blow as Micky van de Ven pulls his hamstring  against Chelsea with James Maddison also forced off in first half | Daily  Mail Online

Photo Credit : Daily Mail

ဒါပေမယ့် လက်ရှိမှာတော့ ဗန်ဒီဗန်က သူရဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၂၄လောက်မှ ဘောလုံး ပြန်ကစားနိုင်ဖို့ ရှိနေတဲ့အပြင် အသင်းဖော် ရိုမဲရိုးဟာလည်း ချယ်လ်ဆီးနဲ့ပွဲမှာ တိုက်ရိုက် အနီကတ် ပြသခံလိုက်ရလို့ (၃)ပွဲပါ ပွဲပယ်ခံရပါဦးမယ်။

စပါးအသင်းဟာ လက်ရှိမှာ ရှုံးပွဲ စတင်တွေ့ရှိလိုက်ရသလို အသင်းမှာလည်း ဆော်လမွန် ပါရီဆစ် ရစ်ချာလီဆန် ဗန်ဒီဗန် နဲ့ မက်ဒီဆင်တို့က ဒဏ်ရာ ပြသာနာ အသီးသီး ကြုံတွေနေရတဲ့အပြင် ရိုမဲရိုး နဲ့ အူဒိုဂီတို့ကပါ ပွဲပယ် ပြစ်ဒဏ်ကျခံနေရပါတယ်။