မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူထားနိုင်ခဲ့ပြီး အသင်းရဲ့ကွင်းလယ်အတွက် အင်အားဖြည့်တင်းထားနိုင်ခဲ့ပေမယ့်လည်း အသင်းကို ဗန်ဒယ်ဘိခ် ရောက်ရှိလာခြင်းက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ပေါလ်ပေါ့ဘာကို ရောင်းချသွားဖို့အတွက် မဖြစ်နိုင်ဘူးလို့ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Tribuna

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်း+အပိုဆုကြေးပေါင်(၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ် ဗန်ဒယ်ဘိခ်နဲ့ပတ်သက်ပြီး မူလန်စတင်းက “ကျွန်တော်အနေနဲ့ ကစားသမားတွေ ဘယ်နေရာမှာ ကောင်းကောင်းကစားနိုင်လဲဆိုတာကို သိမြင်နိုင်တာပဲလေ။ ကစားပုံရဲ့အခြေခံအရ ကွင်းလယ်တိုက်စစ်ကစားသမားတွေက ကွင်းလယ်မှာ စုစာည်းကစားရတတ်ပါတယ်။ တချို့ပွဲတွေမှာတော့ ကစားသမားကောင်းတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အတွဲအဖက် မိစေဖို့အတွက် ပုံစံပြောင်းကစားရတာလည်း ရှိသလို”

Photo Credit : Tribuna

“ပြိုင်ဘက်အသင်းက အရမ်းကို အင်အားတောင့်တင်းနေမယ်ဆိုရင်တော့ ဒီကွင်းလယ်လူတွေက ခံစစ်ပိုင်းအသားပေးတဲ့ ကွင်းလယ်လူတွေမဟုတ်လို့ ခံစစ်ကို ကူပေးဖို့ကတော့ အနည်းငယ်အားနည်းနိုင်ပါတယ်။ အခု အသင်းကို ဗန်ဒယ်ဘိခ် ရောက်ရှိလာတာဟာ ပေါ့ဘာကို အသင်းကနေ ထွက်ခွာသွားစေနိုင်သလားဆိုရင် ကျွန်တော်တော့ အဲ့ဒီလို မထင်မိဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းလောက်ကတည်းက ပေါ့ဘာကို အိုလေအနေနဲ့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေတယ်ဆိုတာကလည်း အရမ်းသိသာနေတာဆိုတော့ ပေါ့ဘာအသင်းမှာပဲ ဆက်ရှိနေမှာပါ” လို့ သူရဲ့အမြင်ကို ပြောဆိုလာခဲ့ပါတယ်။ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာအနေနဲ့ကလည်း သူရဲ့ကစားသမားက ယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး စာချုပ်သစ်ကိစ္စအတွက်လည်း လုပ်ဆောင်လျက်ရှိနေတယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။ ဗန်ဒယ်ဘိခ်ကြောင့် ပေါ့ဘာရဲ့အနာဂတ်က မရေမရာ မဖြစ်လာခဲ့ပေမယ့်လည်း နောက်ထပ်ယူနိုက််တက် ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖရက်ဒ်ကတော့ ပုံမှန်နေရာပျောက်ဆုံးဖွယ်ရှိနေလိူ့ နေရာပျောက်ဆုံးဖွယ်ရှိနေပါတယ်။