မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း၊ လက်ရှိ Betfair ကိုယ်စားလှယ် ဘာဘာတော့ဗ်ကတော့ ကွင်းလယ်လူ ဗန်ဒီဘီအနေနဲ့ မန်ယူအသင်းမှာ ကွင်းလယ် ခံစစ်နေရာကို ကစားသွားမယ် ဆိုရင် ကွင်းလယ်လူ ဖာနန်ဒက်စ် နဲ့ ပေါ့ဘာက တိုက်စစ်လိုက်ပါဖို့ ပို လွတ်လပ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဗန်ဒီဘီဟာ အေဂျက်အသင်းကနေ မန်ယူအသင်းကို ပေါင် (၃၅) သန်းနဲ့  အပြီးသတ် ပြောင်းရွှေ့လာခဲ့စဉ်ကတည်းက နည်းပြ ဆိုးလ်ရှားရဲ့ စိတ်ကြိုက် ကစားကွက် ဖြစ်တဲ့ (၄-၂-၃-၁) ကစားကွက်မှာ ဘယ်နေရာမှာ ကစားမလဲလို့ အမြဲတမ်း မေးခွန်းထုတ်ခံလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၂၃) နှစ်အရွယ် ကွင်းလယ် ကစားသမား ဗန်ဒီဘီဟာ အရင်က ကွင်းလယ်မှာ ကစားတဲ့ အချိန်မှာ တိုက်စစ်လိုက်ပါရတဲ့ ပုံစံနဲ့ ကစားလေ့ ရှိပြီး မန်ယူအသင်းမှာ ကွင်းလယ်လူ ပေါ့ဘာ နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ ရှိနေတာကြောင့် ဘယ်နေရာမှာ အတည်အကျ ကစားရမလဲ ဆိုတာ ခက်ခဲနေပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ကွင်းလယ် ကစားသမား ဗန်ဒီဘီအနေနဲ့ ကွင်းလယ် ခံစစ်မှာ ကစားသင့်ကြောင်း နဲ့ ကွင်းလယ် ခံစစ်နေရာမှာ ကစားမယ် ဆိုရင် ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်က တိုက်စစ်လိုက်ပါဖို့ ပို လွတ်လပ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ဗန်ဒီဘီက ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်တယ်လို့ ကျွန်တော်တော့ ထင်တယ်။ သူက အလွန် ပါးနပ်တဲ့ ဘောလုံး ကစားသမား ဖြစ်ပြီး ကစားတဲ့ ပုံစံကိုလည်း ကောင်းစွာ ဖတ်နိုင်ပါလိမ့်မယ်။ သူက ခံစစ် ကစားတဲ့ ပုံစံမှာလည်း အလွန် တော်ပြန်ပါတယ်။ တကယ်တော့ ကျွန်တော် သူ့ကို သူ့ရဲ့ ပွဲစဉ်အပေါ် နားလည်းမှု နဲ့ သူ့ရဲ့ ဉာဏ်ရည်ကြောင့် ကွင်းလယ် ခံစစ်နေရာမှာ ကစားဖို့ မြင်ချင်ပါတယ်။ အဲဒီလို ပုံစံကစားမယ် ဆိုရင် ဒါက ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်ကို တိုက်စစ် လိုက်ပါဖို့အတွက် ပိုပြီး လွတ်လပ်မှု ပေးပါလိမ့်မယ်။ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်ကလည်း ကွင်းလယ်ခံစစ်မှာ ကစားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ နှစ်ယောက်အနေနဲ့ သူတို့ရဲ့ နောက်မှာ ဗန်ဒီဘီ ရှိတာကို သိရင် တိုက်စစ်လိုက်ပါဖို့ ပို သက်သောင့်သက်သာ ဖြစ်လိမ့်မယ်။ ဗန်ဒီဘီက ဘောလုံး ပေးပို့မှုတွေနဲ့ ပြိုင်ဘက် ခံစစ်ကြောကို ထိုးဖောက်နိုင်စွမ်း ရှိတယ်။ ဒီတော့ ကျွန်တော့် အမြင်မှာ ဗန်ဒီဘီက တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။