ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အရမ်းကို ခြေစွမ်းပြသနိုင်ခဲ့တဲ့ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပါဝင်ကစားခဲ့တဲ့ နယ်သာလန်ကြယ်ပွင့်လေး ဒွန်နီဗန်ဒီဘိတ်ခ်ဟာ ဥရောပအသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပေမယ့် ဒီလစ် ဒီဂျောင်တို့လို အသင်းကနေ အခြားအသင်းကြီးတွေဆီကို ပြောင်းရွှေ့သွားခြင်းမရှိပဲ အေဂျက်စ်အသင်းမှာသာ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒီဘိတ်ခ်က လာမယ့်ရ ာသီမှာတော့ အေဂျက်စ်အသင်းကို စွန့်ခွာသွားဖို့ အဆင်သင့်ရှိနေကာ ထိပ်သီးအသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေကြပါတယ်။

Photo Credit : Marca

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ နယ်သာလန်ကွင်းလယ်တိုက်စစ်ကစားသမား ဗန်ဒီဘိတ်ခ်ကို ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကာ ဒီအသင်းတွေထဲမှာတော့ ရီးရဲလ်က ဗန်ဒီဘိတ်ခ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ကစားသမားဖြစ်သူကတော့ လက်ရှိမှာ သူအနေနဲ့ ဘယ်အသင်းနဲဲ့မှ နီးစပ်နေတဲ့ အခြေအနေတစ်ခုမှာ ရှိမနေသလို ကစားသမားရဲ့အေးဂျင့်ဖြစ်သူမှာလည်း ဗန်ဒီဘိတ်ခ်က အသင်းရွေးချယ်နေဆဲသာ ရှိနေသေးတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

သတင်းမီဒီယာတွေ တော်တော်များများကနေ ဗန်ဒီဘိတ်ခ်က ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိဖို့ နီးစပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် ကစားသမားအေးဂျင့်ကတော့ ဗန်ဒီဘိတ်ခ်က ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရှိထားသေးပဲ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းတစ်သင်းကိုသာ ရွေးချယ်နေတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဗန်ဒီဘိတ်ခ်ရဲ့အေးဂျင့်က “ကစားသမားကို စိတ်ဝင်စားနေကြတဲ့အသင်းတွေ အရင်ကတည်း ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေက များစွာကိုရှိနေပါတယ်။ လာမယ့်ရက်သတ္တပတ် အနည်းငယ်လောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့တွေ စောင့်ကြည့်ရပါလိမ့်မယ်။ ဒီအချျိန်မှာတော့ ဗန်ဒီဘိတ်ခ်နဲ့ပတ်သက်ပြီး ဘာမှကို ကျွန်တော်ဆက်မပြောလိုပါဘူး။ ဘာကြောင့်လိုဆိုတော့ တချို့အကြောင်းအရာတွေက လျှို့ဝှက်ထားသင့်တဲ့ အကြောင်းတွေရှိနေလို့ပါ။ အခြေအနေတွေက ဘာမဆို ဖြစ်သွားနိုင်ပါသေးတယ်” လို့ ပြောဆိုလို့သွားခဲ့ပါတယ်။ ဒီစကားတွေကြောင့် ဗန်ဒီဘိတ်ခ်ကို ရရှိဖို့အတွက် စပါးနဲ့ ယူနိုက်တက်အသင်းတွေပါ အခြေအနေပိုကောင်းလာခဲ့ရပါတယ်။