ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ တွစ်တာမှာ Post တစ်ခု တင်လိုက်တာနဲ့ ဝင်ငွေ များစွာ ရရှိနေပြီး ဘောလုံးနယ်ပယ် နဲ့ အခြား အားကစားနယ်ပယ်က ကစားသမားတွေထက် တွစ်တာကနေ ဝင်ငွေ ပိုများနေပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ တွစ်တာမှာ Post တစ်ခုတင်လိုက်တာနဲ့တင် ဒေါ်လာ (868,000) ရရှိနေပြီး မြန်မာငွေနဲ့ ပြန်တွက်မယ်ဆိုရင် တွစ်တာမှာ Post တစ်ခု တင်ရင် ကျပ် သိန်း (၁) သောင်းကျော် ရရှိလျက် ရှိနေပါတယ်။

Photo Credit: Gettyimage

Athlete Marketing Platform Opendorse လို့ ခေါ်တဲ့ အားကစား ဈေးကွက် ကုမ္ပဏီကတော့ တွစ်တာကနေ ဝင်ငွေ အများဆုံး ရရှိတဲ့ ကစားသမားတွေကို လေ့လာပြီး ရော်နယ်ဒိုက ဝင်ငွေ အများဆုံး ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ တွစ်တာမှာ Follower ဦးရေ (၈) သန်းကျော် ရှိပြီး Post တစ်ခု တင်တာနဲ့တင် ဒေါ်လာ (868,000) ရရှိနေတာကြောင့် တွစ်တာကနေ ဝင်ငွေ အများဆုံး အားကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

တွစ်တာကနေ ဝင်ငွေ အများဆုံး ရရှိကြတဲ့ ထိပ်သီး အားကစားသမား (၃) ဦးဟာ ရော်နယ်ဒို၊ အင်နီယေစတာ နဲ့ နေမာတို့ ဖြစ်ပြီး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဇူလိုင်လကလည်း အင်စတာဂရမ်ကနေ ဝင်ငွေ အများဆုံး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ တွစ်တာကနေထက် အင်စတာဂရမ်ကနေ ဝင်ငွေ ပို ရပြီး အင်စတာဂရန်မှာ Post တစ်ခု တင်လိုက်ရင် ဒေါ်လာ (975,000) ကျော် ရပြီး ကျပ် သိန်း (၁) သောင်းခွဲနီးပါး ရရှိနေလျက်ပဲ ဖြစ်ပါတယ်။