MySport Myanmar

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူအပြီး ဒီပိုင်းကိုပါ ခေါ်ယူဖို့ စီစဉ်လာခဲ့တဲ့ ဗယ်လက်ကာနို

မက်ဒရစ်မြို့ အခြေစိုက် စပိန်လာလီဂါ ကလပ်အသင်း ရာယို ဗယ်လက်ကာနိုဟာ ကိုလံဘီယာ ဝါရင့် ကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို free transfer နဲ့ ခေါ်ယူခဲ့ပြီးတဲ့နောက် ထပ်မံပြီး free agent player တစ်ဦးဖြစ်တဲ့ မန်ဖစ် ဒီပိုင်းကိုပါ ခေါ်ယူသွားဖို့လည်း ပစ်မှတ်ထားလာခဲ့ပြီလို့ သိရပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဒီနွေမှာ အသက်လက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်လို့နေပြီး နွေဈေးကွက်အတွင်းမှာလည်း ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : FC Barcelona Noticias

ဒီပိုင်းဟာ ဘာစီလိုနာ အသက်လက်တီကိုတို့နဲ့ စပိန် လာလီဂါပြိုင်ပွဲမှာ (၆၁)ပွဲအထိတောင် ပါဝင်ကစားခဲ့ဖူးပြီး မန်ယူနိုက်တက် လိုင်ယွန် PSV အသင်းတွေမှာ ကျင်လည်ခဲ့ဖူးပါတယ်။ လာလီဂါမှာ ပွဲပေါင်း (၆၀)အထိ ကစားခဲ့ဖူးပြီးတော့ ကစားသမားဘဝရဲ့ နောက်ဆုံး (၃)ရာသီမှာလည်း လာလီဂါမှာသာ ဖြတ်သန်းခဲ့တဲ့ ဒီပိုင်းကို လာလီဂါ ကလပ်အသင်းတွေက ပိုပြီးတော့ စိတ်ဝင်စားလာကြပါတယ်။

ကလပ်အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဒီပိုင်းကို စီးရီးအေ ကလပ်အသင်းတွေနဲ့ လာလီဂါအသင်းတွေက အပြိုင်စိတ်ဝင်စားနေကြချိန် မကြာသေးခင်ကမှ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို အလွတ်နဲ့ ခေါ်ယူထားတဲ့ ဗယ်လက်ကာနိုက ဒီပိုုင်းကိုလည်း ထပ်မံ မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Youtube

ဗယ်လက်ကာနိုအသင်းက ယခင်ကတည်းက လာလီဂါပြိုင်ပွဲနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ကစားသမားကြီးတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူတက်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပြီး ဒီပိုင်းလို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်လည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပိုမိုပြီး အားကောင်းလာဖို့ ရှိနေပြန်ပါတယ်။

ဒီပိုုင်းအနေနဲ့ကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲကမှ ဗယ်လက်ကာနိုအသင်းဆီကိုသာ ပြောင်းရွှေ့မယ်ဆိုရင် လာလီဂါမှာပဲ ဆက်လက် ကျင်လည်ခွင့်ရမှာ ဖြစ်သလို ပုံမှန်ပွဲကစားခွင့်တွေလည်း ရရှိနိုင်တဲ့အတွက် ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာကောင်းလာခဲ့ပါတယ်။

Exit mobile version