ဗလန်စီယာ နောက်ခံလူ ဂါရေးဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံခဲ့ရပြီး ဖြစ်ပြီး စပိန်နိုင်ငံ၊ လာလီဂါ ပြိုင်ပွဲမှာ ပထမဆုံး ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ ကစားသမား ဖြစ်ပါတယ်။ ဗလန်စီယာအသင်းက နောက်ခံလူ ဂါရေးကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခဲ့ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ပြီးနောက် စုစုပေါင်း (၅) ဦး ကူးစက်ခံရပြီ ဖြစ်တယ်လို့ ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ဂါရေးဟာ လက်ရှိမှာတော့ အသင်းဖော်တွေနဲ့ ဝေးရာမှာ တစ်ယောက်တည်း သီးခြား ခွဲနေပြီး အစိုးရက ညွန်ကြားထားတဲ့ လုပ်ဆောင်စရာတွေကို လိုက်နာကျင့်သုံးနေလျက် ရှိနေပါတယ်။

Photo Credit: As.com

ဂါရေးဟာ လာလီဂါ ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်ပြီး သူက အဆင်ပြေနေပါတယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ဂါရေးက ” (၂၀၂၀) ခုနှစ်ကို ခြေလှမ်းအမှားနဲ့ စတင်ခဲ့တယ် ဆိုတာ သိသားလွန်းလှပါတယ်။ ကျွန်တော် ကိုရိုနာ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ကျွန်တော် အဆင်ပြေတယ်။ အခုအချိန်မှာ ကျွန်တော် ဆရာဝန်တွေက ပြောတဲ့ အတိုင်း လုပ်နေပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော် သီးခြား ခွဲနေရပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ အတိသလင် ရေးသား ဖော်ပြခဲ့ပါတယ်။

Photo Credit: As.com

နောက်ခံလူ ဂါရေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက (၁) ရက်နေ့က ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေရတာ ဖြစ်ပြီး နောက်ထပ် (၆) လကြာ ဆက်လက် အနားယူရဦးမှာ ဖြစ်ပါတယ်။ နောက်ခံလူ ဂါရေးဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရပြီ ဖြစ်ပါတယ်လို့ အတည်ပြုချက် ထွက်လာပြီးတဲ့ အချိန်မှာ ဗလန်စီယာအသင်းက (၅) ဦး ကူးစက်ခံရတယ်လို့ ဖော်ပြပါတယ်။ ဗလန်စီယာအသင်းက ” ဗလန်စီယာအသင်း အနေနဲ့ ပထမအသင်းရဲ့ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ (၅) ဦး ရှိပြီလို့ အတည်ပြုလိုက်ပါတယ်။ သူတို့ (၅) ဦးဟာ လက်ရှိမှာ အိမ်မှာ နေကြပြီး ကျန်းမားရေး ကောင်းနေကြပါတယ်။ သီးခြားခွဲနေကြပါတယ်”လို့ ကူးစက်ခံရသူ (၅) ဦး ရှိကြောင်းကို တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။