နှစ်ပေါင်းများစွာအကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်လည်တတ်လှမ်းလာခွင့် ရရှိခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ အရှေ့က တန်းတတ်ခဲ့တဲ့ အသင်းတော်တော်များများရဲ့ပုံစံအတိုင်း ပရီးမီးယားလိဂ်ကို တစ်နှစ်တာပဲ တန်းတတ်လာခဲ့ကာ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်ဆင်းသွားရမျိုး မဖြစ်ရဖို့အတွက် ကစားသမားအင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး အဓိကလူခေါ်မှုအနေနဲ့ ဗလင်စီယာအသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ရိုဒရီဂိုမော်ရီနိုကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Teamtalk

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ဗလင်စီယာအသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်ပေမယ့် ကိုဗစ်ဂယက်ကြောင့် စီးပွားရေးပိုင်း ကျဆင်းလို့နေတဲ့ ဗလင်စီယာအသင်းက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းက ကစားသမားအများအပြားကို ရောင်းထုတ်နေတာဖြစ်ပြီး အသင်းရဲ့အရောင်းစာရင်းထဲမှာ ရိုဒရီဂိုပါ ပါဝင်လာခဲ့တာကြောင့် လိဒ်စ်အသင်းဘက်ကနေ ရိုဒရီဂိုကို ခေါ်ယူနိုင်အောင် ကြိုးပမ်းလာခဲ့ကာ အခုဆိုရင် ပြောင်းရွှ့ကြေး ယူရိုသန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့က သဘောတူညီမှုအထိပါ ရယူနိုင်ခဲ့ကာ ဆေးစစ်မှုတွေပါ ပြုလုပ်နေပြီဖြစ်ပါတယ်။

Photo Credit : Goal

ရိုဒရီဂိုဟာ တကယ့်ကို အရည်အသွေးမြင့် စပိန်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ဘရာဇီးမှာ မွေးဖွားခဲ့သူဖြစ်လို့ ဖလာမင်ဂိုလူငယ်အသင်းမှာ သူရဲ့ကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပြီး ၂၀၀၅ခုနှစ်မှာ စပိန်လာလီဂါကလပ် ဆယ်တာဗီဂိုလူငယ်အသင်းကို ရောက်ရှိလာခဲ့ကာ အဲ့ဒီကမှတဆင့် ရီးရဲလ်မက်ဒရစ်လူငယ်အသင်းကို ထပ်မံရောက်ရှိလာခဲ့ပါတယ်။ သူရဲ့စီနီယာကစားသမားဘဝကိုတော့ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းမှာ စတင်ခဲ့ရတာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာပဲ ဗလင်စီယာအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗလင်စီယာအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၇)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၁၁)ကြိမ်အထိ ပြုလုပ်ထားခဲ့ပါတယ်။ အခုလို ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ရိုဒရီဂိုမတိုင်ခင် မန်စီးတီးအသင်းရဲ့ ဘယ်တောင်ပံကစားသမား ဂျက်ဟယ်ရီဆန်ကို တစ်ရာသီအငှားနဲ့ ထပ်မံခေါ်ယူခဲ့သလို ဝီဂန်အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား ဂျိုးဂါဟတ်ကိုလည်း အပြီးသတ်ခေါ်ယူလို့ထားပါတယ်။ လက်ရှိမှာလည်း လိဒ်စ်အသင်းဟာ အဲဗာတန်ကွင်းလယ်လူ ဖေဘီယန်ဒဲလ်ဖ်နဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှအာယီတို့ကို ဆက်လက်ခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။