ဂျုဗင်တပ်အသင်းဟာ ဝုဗ်လ်အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ငွေကြေး အပါအဝင် အသင်းရဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးလ်နဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့်ဝုဗ်လ်အသင်းရဲ့ ငြင်းပယ်ခြင်းကို ခံလိုက်ရပါတယ်လို့ TheSun သတင်းက ဖော်ပြခဲ့ပါတယ်။ ဝုဗ်လ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၇) နေရာကို ရရှိခဲ့တာကြောင့် လာမယ့် ရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့် မရတော့တာ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်က ယူရိုပါလိဂ် ဝင်ခွင့် မရခဲ့တာကြောင့် အသင်းပြောင်းချင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Photo Credit: TheSun

ဝုဗ်လ်အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်ကို ဂျုဗင်တပ်အသင်းနဲ့ အပြိုင် ခေါ်ယူချင်နေတာက နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်း ဖြစ်ပြီး မန်ယူအသင်းကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပို အားဖြည့်ဖို့ လိုအပ်နေတာကို သိပြီးနောက် တိုက်စစ်မှူးသစ်တွေကို ခေါ်ယူချင်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Corriere Dello Sport သတင်းက နည်းပြ ပီယာလိုရဲ့ ဂျုဗင်တပ်အသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းထက် ပို စောပြီး ဝုဗ်လ်အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းသွားခဲ့ပြီ ဖြစ်တယ်လို့ အတိအကျ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

အာရွန် ရမ်ဆေးလ်ဟာ ဂျုဗင်တပ်အသင်းမှာ နည်းပြ အပြောင်းအလဲ ဖြစ်ပြီးနောက် နည်းပြသစ် ပီယာလိုရဲ့ မျက်နှာသာပေးခြင်းကို ခံရဖွယ် မရှိတာကြောင့် အသင်း ပြောင်းချင်နေလျက် ဖြစ်ပြီး ဂျုဗင်တပ်အသင်းကလည်း သူ့ကို ကမ်းလှမ်းလာမယ့် အသင်းတွေကို ကြိုဆိုနေပါတယ်။ ဝုဗ်လ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဂျီမီနက်စ်အနေနဲ့ ပေါင် သန်း (၉၀) တန်ကြေး ရှိတယ်လို့ ယုံကြည်တာကြောင့် ပေါင် သန်း (၉၀) အောက်နဲ့ ကမ်းလှမ်းလာသမျှကို ငြင်းပယ်သွားဖွယ် ရှိပြီး ဂျုဗင်တပ်အသင်းရဲ့ ငွေကြေး အပါအဝင် ရမ်ဆေးလ်နဲ့ ကမ်းလှမ်းမှုကိုပါ ငြင်းခဲ့ပါတယ်။ အာရွန် ရမ်ဆေးလ်ဟာ လက်ရှိ ဂျုဗင်တပ်အသင်းမှာ တစ်ပတ်ကို ပေါင် (၄) သိန်း ရရှိနေလျက် ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်း၊ စပါးအသင်းက သူ့ကို စိတ်ဝင်စားနေပါတယ်။