မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအစမှာ အသင်းရဲ့တိုက်စစ်ကစားသမားတွေကို လမ်းခွဲခဲ့ပြီးတဲ့နောက် တိုက်စစ်ပိုင်းကို အင်အားပြန်လည်ဖြည့်တင်းခဲ့ခြင်းမရှိပဲ ရှိရင်းစွဲ ကစားသမားအနည်းငယ်နဲ့သာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့ရာကနေ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ရပ်ဖိုဒ့်ဒဏ်ရာရသွားချိန်မှာတော့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ ခေါ်ယူဖို့အကြောင်းဖန်လာခဲ့ကာ ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့နိုင်ဂျီရီးယားလက်ရွေးစင် တိုက်စစကစားသမား အိုဒီယွန်အီဂါလိုကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Getty Image

အသက်၃၀အရွှယ်ရှိနေပြီဖြစ်တဲ့ ဝက်ဖိုဒ့်တိုက်စစ်မှူးဟောင်း အီဂါလိုဟာ ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ (၆)လအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ကာ အခုလက်ရှိမှာတော့ အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး(၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းတိုက်စစ်မှာ ပါဝင်ကစားခွင့်ရတိုင်း အသင်းကို အကောင်းဆုံးအကျိုးပြုထားနိုင်ခဲ့တဲ့ အီဂါလိုကို ယူနိုက်တက်အသင်းကတော့ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းဝန်ကျင်လောက် သုံးစွဲရဖွယ်ရှိနိုင်ပါတယ်။

Photo Credit : Getty Image

ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို ရူးရူးမှုးမှုး အားပေးခဲ့တဲ့ အီဂါလိုဟာ အခုု ယူနိုက်တက်အသင်းသားတစ်ယောက် ဖြစ်နေချိန်မှာလည်း မိနစ်ပေါင်း (၃၁၈)မိနစ်သာ ကစားထားရသေးပြီး သွင်းဂိုး(၄)ဂိုးထိ ပိုင်ဆုုိင်ထားလို့ သွင်းဂိုး(၁)ဂိုးရယူဖို့ မိနစ်(၈၀)လောက်သာ အချိန်ယူထားရတာဖြစ်လို့ ဒါဟာ စိတ်ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်လို့ သတ်မှတ်ရမှာပါ။ အီတလီစီးရီးအေ စပိန်လာလီဂါပြိုင်ပွဲတွေက အသင်းငယ်တွေမှာ ကျင်လည်ခဲ့ဖူးသူ အီဂါလိုဟာ ၂၀၁၅ခုနှစ်မှာတော့ ဝက်ဖိုဒ့်အသင်းကို ရောက်ရှိလာခဲ့ပြီး ၂နှစ်အကြာမှာ တရုတ်ကို တစ်ဆင့်ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အီဂါလိုရဲ့ မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကတော့ အီဂါလိုကို တရုတ်ဒုတိယတန်းကလပ် CC Yatai အသင်းကနေ ပါင်(၅.၂၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာ သူ့ကိုအငှားနဲ့ခေါ်ယူထားတဲ့ ယူနိုက်တက်အသင်းအနေနဲ့ အပြီးသတ်ခေါ်ယူချင်မယ်ဆိုရင် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အီဂါလိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၅)သန်းကနေ ပေါင်သန်း(၂၀)လောကအထိ တောင်းဆိုလာနိုုင်ဖွယ်ရှိနေပါတယ်။