မနေ့ညက ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရန်နာဒါ တောင်ပံကစားသမားလေး ဖာကန်ဒို ပယ်လစ္စထရီကို မန်ချက်စတာ ယူနိုက်တက် အသင်းဖော်များက ဝိုင်းဝန်း ချီးကျူးထားကြပါတယ်။

ဥရုဂွေး လက်ရွေးစင် တောင်ပံကစားသမား ပယ်လစ္စထရီဟာ ယူနိုက်တက်အသင်းမှာ နေရာမရလို့ လာလီဂါကလပ် ဂရန်နာဒါအသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင် ပယ်လစ္စထရီက ဂရန်နာဒါအတွက် လာလီဂါ (၂)ပွဲ ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

Photo Credit : Man Utd News

တကယ်တော့ ဂရန်နာဒါအသင်းဟာ ဒီရာသီ လာလီဂါမှာ အတော်လေး ရုန်းကန်နေရတဲ့ အသင်းတစ်သင်းဖြစ်ပြီး လက်ရှိမှာလည်း တန်းဆင်းဇုန်ထဲပါ ရောက်ရှိနေတာ ဖြစ်သလို အဝေးကွင်း ရလဒ်တွေကလည်း အရမ်း ဆိုးရွှားလွန်းနေပါတယ်။

ဒါပေမယ့် ဂရန်နာဒါအသင်းဟာ မနေ့ညက ဘာစီလိုနာလို ထိပ်တန်း ကလပ်အသင်းကြီးနဲ့ ရင်ဆိုင်ရချိန်မှာ နှစ်ကြိမ်တိုင်တိုင် ဘာစီလိုနာကို ဦးဆောင်ခဲ့သလို အတော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂရန်နာဒါ ကစားသမားသစ်လေး ပယ်လစ္စထရီကလည်း (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Centerdevil

ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ပယ်လစ္စထရီက ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်က သူရဲ့ ဓါတ်ပုံကို သူ့အင်စတာဂရမ်ပေါ်မှာ ဖော်ပြထားလိုက်ရာ ယူနိုက်တက် အသင်းဖော်တွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ဇ် ၊ ဟယ်ရီ မက်ဂွိုင်းယား ၊ ကိုဘီ မိန်းနူး ၊ အာမတ် ဒီယဲလ်လို နဲ့ ဒါလော့တို့က ဝိုင်းပြီး ချီးကျူးသွားကြပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်ဇ်က ပယ်လစ္စထရီကို “ပွဲကစားခွင့် ရဖို့ဆိုရင် အချိန်ယူရတက်ပေမယ့် ပွဲကစားဖို့ ထိုက်တန်တဲ့ သူ့အတွက်ကတော့ ပွဲကစားခွင့်တွေဟာ အမြဲရလာတက်တယ်”လို့ ပြောဆိုထားသလို မက်ဂွိုင်းယားကလည်း “ကောင်းနေရောပဲ ငါ့ကောင်ကြီး” လို့ ချီးကျူးလိုက်ပါတယ်။