MySport Myanmar

အမ်မရာဘတ်ကို ယူရို (၃၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဇူလိုင်လ နှောင်းပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် လှုပ်ရှားမှုကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ အခုလည်း အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်က အမ်မရာဘတ်အတွက် ယူရို (၃၅)သန်းနဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Photo Credit : The Kop Times

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းနေစေဖို့အတွက် ချယ်လ်ဆီးက အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူထားပြီးချိန်မှာတောင် ဖီအိုရင်တီးနားရဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကိုလည်း ထပ်မံ ခေါ်ယူချင်နေပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရို သန်း (၂၀)နဲ့ပါ ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဒီကမ်းလှမ်းမှုက အလွန် နည်းပါးလွန်းတဲ့ ကမ်းလှမ်းချက်ဖြစ်လို့ ဖီအိုရင်တီးနားအသင်းက အခု ဒုတိယအကြိမ်အဖြစ် ယူနိုက်တက်က ယူရို (၃၅)သန်းအထိ တိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်းထားတယ်လို့ အီတလီ မီဒီယာတစ်ခုကနေ ဖော်ပြထားပါတယ်။ ဒီတန်ကြေးလောက်နဲ့ဆို ဖီအိုရင်တီးနားကလည်း လက်ခံသွားဖို့ ရှိနေရာ မကြာခင်မှာပဲ ယူနိုက်တက်က အမ်မရာဘတ်ကို သေချာပေါက် ရရှိတော့မယ်လို့ ဖော်ပြလာပါတယ်။

Photo Credit : SPORTbible

လက်ရှိမှာ ယူနိုက်တက်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်ကို တူရကီကလပ် ဂါလာတာစာရေးအသင်းက သူတို့ရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေကိုလည်း ထပ်မံ လုပ်ဆောင်ဖို့ ရှိနေတာကြောင့် ဖရက်ဒ်အထွက် အမ်မရာဘတ် အဝင်ပါ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်က အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းအတွက်လည်း ယူရို သန်း (၆၀) package ကို နှုတ်အားနဲ့ ကမ်းလှမ်းမှု စတင် ပြုလုပ်ထားခဲ့ပြီဖြစ်ရာ အတ္တလန်တာဘက်ကတော့ သူတို့ ကစားသမားအတွက် အနိမ့်ဆုံး ယူရို သန်း (၇၀)အထိ အလိုရှိနေပြီး ဆွေးနွေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်လျက် ရှိနေပါတယ်။

Exit mobile version