မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂိုးသမားဒေးဗစ်ဒီဂီယာ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တုန်းက ယူနိုက်တက်ပရိသတ်တော်တော်များများရဲဲ့စိတ်မှာ စိုးရိမ်ကြောင့်ကျမှုတွေ သိပ်မရှိခဲ့ပဲ အရန်ဂိုးသမား ရိုမဲလ်ရိုးရှိနေသလို အရည်အချင်းပြည့်ဝတဲ့ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်လည်း ရှိနေတာကြောင့် ဂိုးသမားပြန်လည်အားဖြည့်တင်းစရာတောင် မလိုပဲ ဘောလုံးရာသီတွေကို ဆက်လက်ဖြတ်သန်းလို့ရတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါဆို ဒင်းဟန်ဒါဆန်က တကယ်ကို ဒီဂီယာရဲ့နေရာမှာ အစားဝင်နိုင်မယ့် ဂိုးသမားကောင်းတစ်ယောက် ဖြစ်နေပြီလားဆိုတာ လေ့လာကြည့်ရအောင်ဗျာ။

Photo Credit : Getty Images

လက်ရှိ ရှက်ဖီးယူနိုက်တက်အသင်းမှာ ဒုတိယမြောက် အငှားသက်တမ်းကို ဖြတ်သန်းနေရတဲ့ အင်္ဂလန်ဂိုးသမားလေး ဒင်းဟန်ဒါဆန်က ယူနိုက်တက်အသင်းပိုင် ကစားသမားတစ်ယောက်ဖြစ်ကာ အသက်၁၄နှစ်သားအရွှယ်ကတည်းက မန်ချက်စတာအကယ်ဒမီမှာ လာရောက်ပူးပေါင်းခဲ့သူလည်းဖြစ်ပါတယ်။ ဟန်ဒါဆန်က ရှက်ဖီးအသင်းမှာ ပြီးခဲ့တဲ့နှစ်ကနေစတင်ပြီး အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ကာ အသင်းကို လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသင်းနဲ့လည်း အငှားသက်တမ်းကို တစ်နှစ်ထပ်တိုးခဲ့ပါသေးတယ်။ အခုလည်း ရှက်ဖီးက ဒင်းဟန်ဒါဆန်ကို နောက်တစ်နှစ်အထိ အငှားသက်တမ်းတိုးဖို့ကိုပါ ထပ်မံပြင်ဆင်လို့နေပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်သာရှိသေးတဲ့ ဒင်းဟန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်အတွက် ကာကွယ်မှုတွေ အကောင်းဆုံးလုပ်ဆောင်နိုင်လျက်ရှိပြီး ဂိုးမပေးခဲဲ့ရတဲ့ပွဲ ၈ပွဲအထိရှိအောင် လုပ်ဆောင်ထားခဲ့လို့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ Clean Sheet အများဆုံးရထားတဲဲ့ ဂိုးသမားတွေရဲ့စာရင်းမှာ ဖော်စတာ ရှမိုက်ကယ်တို့နဲ့အတူ ပူးတွဲရပ်တည်လို့နေပါတယ်။ ဒါ့အပြင် ဟန်ဒါဆန်ဟာ သူရဲ့စီနီယာကစားသမားဘဝတစ်လျှောက် ပင်နယ်တီကန်သွင်းမှုပေါင်း ၁၃ကြိမ် ရင်ဆိုင်ခဲ့ရာမှာ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲမှာ ဂျေဆူးကန်သွင်းခဲ့တဲ့ ပင်နယ်တီအပါအဝင် ပင်နယ်တီပေါင်း ရကြိမ်အထိကို ကာကွယ်နိုင်ခဲဲ့ပါတယ်။ နောက်ပြီး ဒီရာသီမှာလည်း ဂိုးကာကွယ်မှုပေါင်း ၆၁ကြိမ် ပြုလုပ်ထားခဲ့လို့ ဒါဟာ သူရဲ့ယူနိုက်တက်စီနီယာဂိုးသမား ဒီဂီယာနဲ့တောင် အကြိမ်ရေ တူညီလို့နေပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယား လင်ဒီလော့ ဝမ်ဘစ်ဆာခါ လုခ်ရှောတို့လို ခံစစ်တန်းကို ပိုင်ဆိုင်ထားရတဲ့ ယူနိုက်တက်မှာ ဒီဂီယာက Clean Sheet ကို ၄ကြိမ်ပဲ ရယူထားခဲ့လို့ သူ့ထက်၂ဆလောက်သာလွန်နေတဲ့ ဒင်းဟန်ဒါဆန်ရဲ့လက်စွမ်းတွေက ရှက်ဖီးအတွက်ရော ယူနိုက်တက်အတွက်အပြင် ဂိုးသမားကောင်းရှားပါးလို့နေတဲ့ အင်္ဂလန်အသင်းအတွက် အားတတ်စရာ ဖြစ်စေရမှာ သေချာပါတယ်။

(Zawgyi)

အေကာင္းဆုံး လက္စြမ္းေတြ ပင္နယ္တီကာကြယ္မႈေတြနဲ႔ ရွက္ဖီးဂုိးသမားေလး ဟန္ဒါဆန္

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ဂုိးသမားေဒးဗစ္ဒီဂီယာ ထြက္ခြာေတာ့မယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔တုန္းက ယူႏုိက္တက္ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲဲ႕စိတ္မွာ စုိးရိမ္ေၾကာင့္က်မႈေတြ သိပ္မရွိခဲ႔ပဲ အရန္ဂုိးသမား ရုိမဲလ္ရုိးရွိေနသလုိ အရည္အခ်င္းျပည့္ဝတဲ႔ လူငယ္ဂုိးသမားေလး ဒင္းဟန္ဒါဆန္လည္း ရွိေနတာေၾကာင့္ ဂုိးသမားျပန္လည္အားျဖည့္တင္းစရာေတာင္ မလုိပဲ ေဘာလုံးရာသီေတြကုိ ဆက္လက္ျဖတ္သန္းလုိ႔ရတယ္လုိ႔ ယူဆခဲ့ၾကပါတယ္။ ဒါဆုိ ဒင္းဟန္ဒါဆန္က တကယ္ကုိ ဒီဂီယာရဲ႕ေနရာမွာ အစားဝင္ႏုိင္မယ့္ ဂုိးသမားေကာင္းတစ္ေယာက္ ျဖစ္ေနၿပီလားဆုိတာ ေလ့လာၾကည့္ရေအာင္ဗ်ာ။

Photo Credit : Getty Images

လက္ရွိ ရွက္ဖီးယူႏုိက္တက္အသင္းမွာ ဒုတိယေျမာက္ အငွားသက္တမ္းကုိ ျဖတ္သန္းေနရတဲ႔ အဂၤလန္ဂုိးသမားေလး ဒင္းဟန္ဒါဆန္က ယူႏုိက္တက္အသင္းပုိင္ ကစားသမားတစ္ေယာက္ျဖစ္ကာ အသက္၁၄ႏွစ္သားအရႊယ္ကတည္းက မန္ခ်က္စတာအကယ္ဒမီမွာ လာေရာက္ပူးေပါင္းခဲ႔သူလည္းျဖစ္ပါတယ္။ ဟန္ဒါဆန္က ရွက္ဖီးအသင္းမွာ ၿပီးခဲ့တဲ႔ႏွစ္ကေနစတင္ၿပီး အငွားကစားသမားအျဖစ္ သြားေရာက္ကစားခဲ႔ကာ အသင္းကုိ လိဂ္ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီေရာက္ေအာင္ ပုိ႔ေဆာင္ေပးႏုိင္ခဲ႔ၿပီး အသင္းနဲ႔လည္း အငွားသက္တမ္းကုိ တစ္ႏွစ္ထပ္တုိးခဲ႔ပါေသးတယ္။ အခုလည္း ရွက္ဖီးက ဒင္းဟန္ဒါဆန္ကုိ ေနာက္တစ္ႏွစ္အထိ အငွားသက္တမ္းတုိးဖုိ႔ကုိပါ ထပ္မံျပင္ဆင္လို႔ေနပါတယ္။

Photo Credit : Getty Images

အသက္၂၂ႏွစ္သာရွိေသးတဲ႔ ဒင္းဟန္ဒါဆန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ရွက္ဖီးယူႏုိက္တက္အသင္းရဲ႕ ဂုိးေပါက္အတြက္ ကာကြယ္မႈေတြ အေကာင္းဆုံးလုပ္ေဆာင္ႏုိင္လ်က္ရွိၿပီး ဂုိးမေပးခဲဲ႔ရတဲ႔ပြဲ ၈ပြဲအထိရွိေအာင္ လုပ္ေဆာင္ထားခဲ႔လုိ႔ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ Clean Sheet အမ်ားဆုံးရထားတဲဲ႔ ဂုိးသမားေတြရဲ႕စာရင္းမွာ ေဖာ္စတာ ရွမုိက္ကယ္တုိ႔နဲ႔အတူ ပူးတြဲရပ္တည္လုိ႔ေနပါတယ္။ ဒါ့အျပင္ ဟန္ဒါဆန္ဟာ သူရဲ႕စီနီယာကစားသမားဘဝတစ္ေလွ်ာက္ ပင္နယ္တီကန္သြင္းမႈေပါင္း ၁၃ႀကိမ္ ရင္ဆုိင္ခဲ႔ရာမွာ မေန႔ညက ကစားခဲ႔တဲ႔ မန္စီးတီးအသင္းနဲ႔ပြဲမွာ ေဂ်ဆူးကန္သြင္းခဲ႔တဲ႔ ပင္နယ္တီအပါအဝင္ ပင္နယ္တီေပါင္း ၇ႀကိမ္အထိကုိ ကာကြယ္ႏုိင္ခဲဲ႔ပါတယ္။ ေနာက္ၿပီး ဒီရာသီမွာလည္း ဂုိးကာကြယ္မႈေပါင္း ၆၁ႀကိမ္ ျပဳလုပ္ထားခဲ႔လုိ႔ ဒါဟာ သူရဲ႕ယူႏုိက္တက္စီနီယာဂုိးသမား ဒီဂီယာနဲ႔ေတာင္ အႀကိမ္ေရ တူညီလုိ႔ေနပါတယ္။ ဒါေပမယ့္ မက္ဂြိဳင္းယား လင္ဒီေလာ့ ဝမ္ဘစ္ဆာခါ လုခ္ေရွာတုိ႔လုိ ခံစစ္တန္းကုိ ပုိင္ဆုိင္ထားရတဲ႔ ယူႏုိက္တက္မွာ ဒီဂီယာက Clean Sheet ကုိ ၄ႀကိမ္ပဲ ရယူထားခဲ့လုိ႔ သူ႔ထက္၂ဆေလာက္သာလြန္ေနတဲ႔ ဒင္းဟန္ဒါဆန္ရဲ႕လက္စြမ္းေတြက ရွက္ဖီးအတြက္ေရာ ယူႏုိက္တက္အတြက္အျပင္ ဂုိးသမားေကာင္းရွားပါးလုိ႔ေနတဲ႔ အဂၤလန္အသင္းအတြက္ အားတတ္စရာ ျဖစ္ေစရမွာ ေသခ်ာပါတယ္။