MySport Myanmar

ဝုလ်ဗ်နည်းပြ ဂယ်ရီ အိုနေးလ်ကိုပါ ပစ်မှတ်ထားလျက် ရှိလို့နေပြန်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ဘောလုံးနည်းပြ အများအပြားကို စိတ်ဝင်စားလျက် ရှိလို့နေပြီး အခု လတ်တလောမှာလည်း ဝုလ်ဗ်နည်းပြဖြစ်သူ ဂယ်ရီ အိုနေးလ်ကိုပါ ပစ်မှတ်ထားလျက် ရှိနေပြန်တယ်လို့ ESPN သတင်းထောက်ဖြစ်သူက ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က (၂၅)%အထိ ဝယ်ယူခဲ့ပြီးတဲ့နောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ပါ စီစဉ်လို့နေပြီး လက်ရှိမှာတော့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့နေပါတယ်။

Photo Credit : FC Liverpool

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့က ဆောက်ဂိတ် အပါအဝင် သောမတ်စ် ဖရန့် ၊ ရောဘတ်တို ဒီဇာဘီတို့ကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားလျက် ရှိနေပြီး အခုတော့ ဝုလ်ဗ်နည်းပြ အိုနေးလ်ကိုပါ ထပ်မံ စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

ဘုန်းမောက်နည်းပြဟောင်း ဂယ်ရီ အိုနေးလ်က လီဗာပူးလ် ယူ-၂၃အသင်းရဲ့ နည်းပြအဖြစ် နည်းပြနယ်ပယ်ထဲကို စတင် ခြေချလာခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းကိုလည်း ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Transfer News Live

ဒါကြောင့်ပဲ ဝုလ်ဗ်အသင်းက လိုပက်တယ်ဂီနဲ့ လမ်းခွဲလိုက်ချိန်မှာ ဂယ်ရီ အိုနေးလ်ကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့ပြီး အခုဆိုရင်လည်း အိုနေးလ်က ဝုလ်ဗ်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၉)နေရာမှာ ရပ်တည်နိုင်အောင် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပြန်ပါတယ်။

ဒီလို စွမ်းဆောင်မှုကောင်းတွေ ပြသထားနိုင်တဲ့ ဂယ်ရီ အိုနေးလ်ကို ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က မျက်စိကျလာခဲ့ပြီး လာမယ့်ရာသီမှာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးသွားဖို့ စီစဉ်လာခဲ့ပါတယ်။ ဆာဂျင်တို့ကတော့ အဲရစ် တန်ဟက်ဂ်နေရာမှာ နည်းပြတစ်ဦးဦးနဲ့ အစားထိုးပြီး ဂယ်ရီ အိုနေးလ်ကိုတော့ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ တာဝန်ပေးသွားချင်နေတာပဲ ဖြစ်ပါတယ်။

Exit mobile version