MySport Myanmar

အသင်းလက်မဲ့ ဖြစ်နေတဲ့ နယ်သာလန်သား အယ်ဂါဇီကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လတ်တလောမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ တချို့ကြောင့် အားနည်းတော့မယ့် ညာတောင်ပံအတွက် ဗီလာ ကစားသမားဟောင်း အယ်ဂါဇီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာတောင်ပံမှာ ဆန်ချိုနဲ့ အန်တိုနီတို့လို အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အန်တိုနီဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲခံခဲ့ရတာကြောင့် အသင်းနဲ့ ကာလရှည် ခွဲခွာရဖို့ ရှိနေသလို ဆန်ချိုကလည်း နည်းပြချုပ် တန်ဟက်ဂ်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

Photo Credit: Reddit

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းလက်မဲ့ ကစားသမားတွေကို ခေါ်ယူလို့ ရနေသေးတဲ့ အချိန်မှာ အသင်းအတွက် အသုံးတည့်မယ့် တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မကြာသေးမီကမှ ဗီလာနဲ့ လမ်းခွဲထားတဲ့ အယ်ဂါဇီဟာ ယူနိုက်တက်ရဲ့ ထိပ်သီးပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် နယ်သာလန် တောင်ပံတိုက်စစ် ကစားသမား အယ်ဂါဇီက စက်တင်ဘာလ ၁ရက်နေ့မှာမှ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းထားသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူရင် ပြောင်းရွှေ့ကြေး တပြားတချပ်မှ ပေးစရာ မလိုပဲ အလွတ်နဲ့ ခေါ်ယူခွင့် ရမှာပါ။

Photo Credit: Caught Offside

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်တိုနီနဲ့ ဆန်ချိုတို့ရဲ့ ပြဿနာတွေကြောင့် အယ်ဂါဇီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စတင် စဉ်းစားနေကြပြီး လာမယ့်ရက်ပိုင်း အတွင်းမှာပဲ ယူနိုက်တက်ဟာ အယ်ဂါဇီအတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖွယ် ရှိကြောင်း သိရှိရပါတယ်။

အယ်ဂါဇီက ဗီလာ ၊ အဲဗာတန် စတဲ့ အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖူးသူ ဖြစ်ပြီး သူက ဗီလာအတွက် ပြိုင်ပွဲစုံမှာ ၁၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Exit mobile version