MySport Myanmar

အိုလီဆေးကို ခေါ်ယူနိုင်ဖို့အတွက် ဘစ်ဆာခါကိုပါ အလိုက်ပေးသွားဖို့ ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး မိုက်ကယ် အိုလီဆေးကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် အာရွန် ဝမ်ဘစ်ဆာခါကိုပါ ကစားသမား အလိုက်ပေး ကမ်းလှမ်းသွားဖွယ်ပါ ရှိနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ပြင်သစ် ယူ-၂၁ ကစားသမားလေးဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အာဆင်နယ် ချယ်လ်ဆီး မန်စီးတီးအသင်းတို့ရဲ့ လူငယ် အကယ်ဒမီများမှာပါ ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ စီနီယာ ကစားသမားဘဝကိုတော့ ရက်ဒင်းမှာ စတင်ခဲ့ပြီး ၂၀၂၁ခုနှစ်မှာပဲ ခရစ္စတယ် ပဲလေ့စ်ဆီ ရောက်ရှိခဲ့ပါတယ်။

Photo Credit : ESPN

ဘယ်ခြေသန် ကွင်းလယ်တိုက်စစ် နဲ့ ညာတောင်ပံ ကစားသမား အိုလီဆေးကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်စီးတီး လီဗာပူးလ် ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေပြီး ချယ်လ်ဆီးဆိုရင် ဒီနွေမှာတောင် အိုလီဆေးကို ခေါ်ယူဖို့ အလွန် နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အိုလီဆေးက ချယ်လ်ဆီးဆီ ရောက်ရှိဖို့ အလွန် နီးစပ်ပြီးမှ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး ပဲလေ့စ်ဘက်ကလည်း သူတို့ကစားသမားအတွက် လျော်ကြေးစာချုပ်ကို ပေါင် သန်း(၆၀)လောက်အထိ သတ်မှတ်ခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။

Photo Credit : Daily Star

ယူနိုက်တက်ကတော့ အိုလီဆေးကို အသင်းရဲ့ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ လက်ထက် အသင်းအတွက် ပထမဆုံး ခေါ်ယူနိုင်မယ့် ကစားသမားသစ်အဖြစ် သတ်မှတ်လို့ထားပြီး လာမယ့်နွေမှာ အရ ခေါ်ယူသွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

ဒါပေမယ့် အိုလီဆေးကို အခြားသော ကလပ်အသင်းတွေနဲ့ အပြ်ိုင် ကမ်းလှမ်းရဖို့ ရှိနေတဲ့အတွက် ယူနိုက်တက်က အိုလီဆေးအတွက် ပြောင်းရွှေ့ကြေးအပြင် ပဲလေ့စ် ကစားသမားဟောင်းဖြစ်တဲ့ ဘစ်ဆာခါကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါ အလိုက်ပေးသွားဖို့လည်း ရှိနေပါတယ်။ ယူနိုက်တက်ဟာ မကြာသေးခင်ကမှ ဘစ်ဆာခါအတွက် တစ်နှစ် ထပ်မံတိုးမြှင့်ခွင့်ကို အသုံးပြုထားပြီး ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးထားခဲ့ပါတယ်။

Exit mobile version