မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဟေးယား နေရာအတွက် အိုနာနာကို အစားထိုး ခေါ်ယူထားနိုင်ပေမယ့် အိုနာနာရဲ့ အရန်အဖြစ် အသုံးပြုသွားဖို့အတွက်ကိုတော့ ဖီနာဘာချီက တူရကီ ဂိုးသမား ဘာယင်ဒါကို မျက်စိကျနေပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းမှာ ဂိုးသမားတွေအဖြစ် အင်တာမီလန်က ခေါ်ယူထားတဲ့ အိုနာနာ အပြင် ဒင်း ဟန်ဒါဆန် ၊ ဟီတန် ၊ ကိုဗာ ၊ ဘစ်ရှော့တို့ ရှိနေပေမယ့်လည်း ဟန်ဒါဆန်ကို နော်တင်ဟမ်က ခေါ်ယူနိုင်တော့မှာ ဖြစ်သလို ဟီတန်ကို လူတန်တောင်းက လိုက်နေပါတယ်။ ကိုဗာကိုလည်း ထပ်မံ အငှားချဖို့ ရှိနေသေးတာမို့ အိုနာနာရဲ့ back up တစ်ဦးက မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီလို back up နေရာအတွက် ယူနိုက်တက်က အိုနာနာကို မခေါ်ယူနိုင်ခင် ကတည်းက ဂျပန် ဂိုးသမားလေး ဇီယွန် ဆူဇူကီးကို ပစ်မှတ်ထားခဲ့သေးပေမယ့်လည်း လက်ရှိမှာတော့ အသက် (၂၅)နှစ်အရွယ် တူရကီ ဂိုးသမား ဘာယင်ဒါကိုသာ ပိုမို စိတ်ဝင်စားလာခဲ့ပါတယ်။ ဘာယင်ဒါက ဖီနာဘာချီရဲ့ ပင်တိုင် ဂိုးသမား ဖြစ်ပေမယ့်လည်း အသင်းကို လီဗာကိုဗစ် ရောက်လာတော့မယ်ဆိုရင် သူရဲ့ ပွဲထွက်ခွင့်တွေက ဆုံးရှုံးရနိုင်ဖွယ် ရှိနေပါတယ်။

လက်ရှိမှာ သူ့ကိုလည်း အေဂျက်စ်အသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပြီး တကယ်လို့ ဖီနာဘာချီကနေ ထွက်ခွာမယ်ဆိုရင် ယူနိုက်တက်မှာက ပုံမှန် နေရာရဖို့ မလွယ်ကူလို့ အေဂျက်စ်ကို ရွေးချယ်ဖို့သာ အခြေအနေ ပိုများနေပါတယ်။ ယူနိုက်တက်ကတော့ ဘာယင်ဒါအတွက် ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Goal

လက်ရှိမှာ ယူနိုက်တက်က ကွင်းလယ်လူ မေဆန်မောင့် နဲ့ ဂိုးသမား အိုနာနာတို့ကို ခေါ်ယူထားပြီးချိန် တိုက်စစ်နေရာအတွက် ဟွိုင်လန်းကို ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး အခု တစ်ပတ်အတွင်းမှာပဲ ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းမှုကို စတင် လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ ဟွိုင်လန်းကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ထက် ကစားသမား အရောင်းဘ်ကို ပိုမို ဆောင်ရွှက်သွားဖို့ ရှိနေပြီး လက်ရှိမှာ အီလန်ဂါကို ရောင်းချနိုင်တော့မှာ ဖြစ်လို့ နောက်ထပ် ကစားသမားတွေအဖြစ် ဖရက်ဒ် မာရှယ် ဘိုင်လီ ဗန်ဒယ်ဘိခ်တို့ကိုပါ ထပ်မံ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။