ကမ္ဘာ့တာတိုအပြေးချန်ပီယံတစ်ယောက်ဖြစ်တဲ့ အူစိန်ဘော့က ဘောလုံးဝါသနာရှင်တိုင်းက ငြင်းခုံတတ်ကြလေ့ရှိတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့(၂)ယောက်မှာ ဘယ်သူက ကမ္ဘာ့အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းကို သူကိုယ်တိုင်ပါ ဖြေဆိုလာခဲ့ပြီး သူကတော့ မက်ဆီထက် ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုကသာ ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်လို့ ရွေးချယ်ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ဂျမေကာနိုင်ငံသား တာတိုအပြေးသမားတစ်ယောက်ဖြစ်တဲ့ အူစိန်ဘော့ဟာ နာမည်ကြီး အီတလီသတင်းစာတစ်ခုဖြစ်တဲ့ La Gazzetta dello Sport နဲ့ ဆုံတွေ့စဉ်မှာ ဒီရွေးချယ်မှုကို ပြုလုပ်သွားခဲ့တဲ့အပြင် ကီလီယန်အမ်ဘာပေလို အနာဂတ်မှာ ပိုမိုတောက်ပလာမယ့် ဘောလုံးသမားတွေကို မြင်တွေ့မိရတာလည်း စိတ်လှုပ်ရှားမိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ကြား ဘယ်သူအကောင်းဆုံး ဖြစ်မလဲဆိုတာကို မေးမြန်းလာခဲ့ရာ အူစိန်ဘော့က “ဒါက ကျွန်တော့်အတွက် အတော်လေးကို ခက်ခဲစေရတဲ့ ရွေးချယ်မှုတစ်ခုပါပဲ”

Photo Credit : CBS Sport

“ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အာဂျင်တိုင်းသားကိုပါ အားပေးတဲ့သူမို့ပါ။ ဒါ့အပြင် ကျွန်တော်က ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လည်း ပရိသတ်အကြီးစားတစ်ယောက်ပါ။ ရော်နယ်ဒို မန်ချက်စတာယူနိုက်တက်အသင်းမှာ စတင်ကစားခဲ့ချိန်ကတည်းက သူ့ကို ကျွန်တော်အားပေးလာခဲ့တာ။ ကျွန်တော်က သရဲနီပရိသတ်တစ်ယောက် ဖြစ်နေတော့လေ။ ကျွန်တော်ကတော့ ရော်နယ်ဒိုဟာ မက်ဆီထက် တစ်ခုခု ပိုသာလွန်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက သူဘယ်လို ကစားသမားတစ်ယောက်လဲဆိုတာကို အမှတ်ပေးလိဂ်များစွာမှာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ရော်နယ်ဒိုကိုပဲ ရွေးချယ်ချင်ပါတယ်။ သို့ပေမယ့်လည်း တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်ကစားသမားလေးတွကလည်း ပေါ်ထွက်လာနေပါပြီ။ ဥပမာပြောရမယ်ဆိုရင်တော့ ဘာပေပေါ့။ ဒီလူငယ်ကြယ်ပွင့်လေးတွေရဲ့ အနာဂတ်ဟာလည်း ဘယ်လိုတွေ ထွန်းလင်းတောက်ပလာဦးမလဲဆိုတာကိုပါ ကျွန်တော်သိချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိ အူစိန်ဘော့ဟာ ၂၀၁ရခုနှစ်ကတည်းက အားကစားသမားဘဝကနေ အနားယူထားခဲ့တာလည်းဖြစ်ပါတယ်။